ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့က ရပ်ကွက်အ ချို့မှာ အောက်တိုဘာလ၁၆ရက်မနက်၁၀နာရီခွဲက စတင်ပြီးမဲဆိုင်ချောင်းရေမြင့်တက်လာမှုကြောင့် ရေဝင်ရောက်မှုဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ရေဝင်ရောက်ခဲ့တဲ့နေရာတွေကတော့ တာလော့ရပ် ကွက်၊ တာလော့စျေး၊မကာဟိုခမ်းရပ်ကွက်နဲ့ ပုန်းထွန်ရပ်ကွက်တို့လို့ သိရပါတယ်။
သက်ဆိုင်ရာကလည်း ရေဝင်ရောက်မှုဖြစ်ပွားခဲ့တဲ့ရပ်ကွက်တွေမှာ ဒေသခံလူမှုကူညီရေးအသင်းများနဲ့ပူးပေါင်းပြီး အရေးပေါ်ရွှေ့ပြောင်းရေးနှင့်ကယ်ဆယ်ရေးလုပ်ငန်းများပြုလုပ်ရန် အဆင်သင့်ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။
Visited 1 times, 1 visit(s) today