တာချီလိတ်က KTVဆိုင်တစ်ဆိုင်မှာ ကျပ် သိန်း ၁၅၀၀ကျော်တန်ဖိုးရှိ စိတ်ပြောင်း ဆေးဝါးတွေ ဖမ်းမိ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်းက KTV ဆိုင်တစ်ဆိုင်ရဲ့ အခန်းအမှတ်…မှာ ရောက်ရှိနေတဲ့အမျိုးသားသုံးယောက် ထံက နေ ကာလပေါက်ဈေးကျပ်သိန်း ၁၅၀၀ ကျော်တန်ဖိုးရှိ စိတ်ပြောင်းဆေးဝါးတွေကို ဇွန်လ ၇ ရက်ည၁၀နာရီခန့်က မူးယစ်ဆေး ဝါးတားဆီးနှိမ်နှင်း ရေးရဲတပ်ဖွဲ့က ဖမ်း ဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိမှုဖြစ်စဉ်မှာ ဇွန်လ ၇ ရက်ည ၁၀နာရီခန့်က မူးယစ်ဆေးဝါးတားဆီးနှိမ် နင်းရေးရဲတပ်ဖွဲ့က တပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေများ နဲ့အတူ တာချီလိတ်မြို့၊ မယ်ခေါင်ရပ်ကွက်၊ မြို့ပတ်လမ်းက ….KTV ဆိုင်၊ အခန်းအမှတ်…. ကို ဝင်ရောက်ရှာဖွေရာ အိုက်ဝမ်းနဲ့ စိုင်းလှိုင်းဦး(ခ)ထွန်းဦး တို့ဆီက စိတ် ပြောင်းဆေးဝါး(Happy Water)အလေးချိန် ၄၂၀ ဂရမ်(ဒေသကာလပေါက်ဈေးတန်ဖိုး ငွေကျပ် ၄၆၂ သိန်း)နဲ့လက်ကိုင်ဖုန်း ၂ လုံးတို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ပြီး စစ် ဆေးဖော်ထုတ်ချက်အရ ည၁၀နာရီ၁၅ မိနစ်မှာ စိုင်းဆိုင်တစ်(ခ)စိုင်းဆိုင်ခေးကို KTV ဆိုင်ရှေ့မှာမော်တော်ဆိုင်ကယ် ၁ စီးနဲ့စိတ်ပြောင်းဆေးဝါး(Happy Water) အလေးချိန် ၉၈၀ဂရမ်(ဒေသကာလပေါက် ဈေးတန်ဖိုးငွေကျပ် ၁၀၇၈ သိန်း)၊ လက် ကိုင်ဖုန်း ၁လုံးတို့်နဲ့အတူ ထပ်မံတွေ့ရှိသိမ်း ဆည်းရမိခဲ့တာလို့ သိရပါတယ်။

စိတ်ပြောင်းမူးယစ်ဆေးဝါးတွေနဲ့အတူ ဖမ်း မိခဲ့တဲ့အိုက်ဝမ်း(၂၀)နှစ်၊ စိုင်းလှိုင်း ဦး(ခ)ထွန်းဦး(၃၇)နှစ်နဲ့စိုင်းဆိုင်တစ် (ခ)စိုင်းဆိုင်ခေး (၂၆)နှစ်တို့ကို တာချီလိတ် မြို့မရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့စိတ်ကို ပြောင်းလဲစေတဲ့ဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားတယ်လို့လည်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *