တာချီလိတ်က ကျားဖြန့် ကို စစ်တပ်ကနှိမ်နင်း

၂၃ ဖေဖော်ဝါရီ ၂၀၂၄

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့က အွန်လိုင်းလောင်းကစားလုပ်ငန်းများကို စစ်တပ်က ဒီကနေ့မှာ လူအင်အားအများအပြားနဲ့ ဝင်ရောက်ဖမ်းဆီးခဲ့ပြီးမြန်မာအလုပ်သမားဝန်ထမ်းအပါဝင်လူတစ်ရာနီးပါးဖမ်းဆီးခံခဲ့ရတယ်လို့ ကနဦးသိရှိရပါတယ်။

တာချီလိတ်မြို ဆန်ဆိုင်း (က) ရပ်ကွက်က 1G1 ဟိုတယ်အနီးက အွန်လိုင်းလောင်းကစားဝိုင်နဲ့ အဖွဲတခုကို ဝင်ရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး၊ ဖမ်းဆီးခံရသူတွေထဲမှာ တရုတ်၊ထိုင်း၊ မြန်မာ စုစုပေါင်း လူဦးရေ ရာနှင့်ချီ ဖမ်းဆီးရမိခဲ့တယ်လို့လဲ ထိုင်းနိုင်ငံကသတင်းအချို့မှာဖော်ပြထားပါတယ်။

“ညနေပိုင်းအထိမြန်မာဝန်ထမ်းလူငယ့လေးတွေပြန်မလွှတ်သေးတော့ မိဘတွေကစိုးရိမ်ကြတာပေါ့ နယ်ကနေလာအလုပ်လုပ်သူဝန်ထမ်းတွေလဲပါတော့ မိသားစုတွေမသိကြတာရှ်ိတယ်”လို့တာချီလိတ်မြို့တဦးက ပြောပါတယ်။

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *