ဇန်နဝါရီ၊၂၂
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ မိုင်းဖုန်းဝမ်ပုံရွာ ဗုဒ္ဓဂါယာရှေ့လမ်းမပေါ်မှာ ဇန်နဝါရီလ၂၁ရက်နေ့ညပိုင်းအချိန်က ကားတစ်စီး အရှိန်လွန်ပြီးဓာတ်တိုင်ကို ဝင်တိုက်မိတာကြောင့် ကားမောင်းလာသူ အမျိုးသားတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ ဒေသခံအချို့ဆီက သိရပါတယ်။


တိုက်မိတဲ့အချိန်ပြင်းခဲ့တာကြောင့် ကားဟာ အပိုင်းပိုင်းပျက်စီးခဲ့ပြီး၊ သေဆုံးသူအသက်၂၁နှစ်အရွယ်အမျိုး သားဟာ ဦးခေါင်းကွဲရှဒဏ်ရာ ခြေထောက်ကျိုးဒဏ် ရာ၊မျက်နှာထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့သွား ရောက်ကူညီခဲ့တဲ့ ဦးလှမိုး (တာချီလိတ်)လူမှုကူညီရေးအသင်းသားတစ်ဦးက ပြောပါတယ်။
သေဆုံးသူရုပ်အလောင်းကို တာချီလိတ်ပြည်သူ့ဆေးရုံကြီကို ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းကပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Visited 15 times, 1 visit(s) today



