တရုတ် BYDကားကုမ္ပဏီက ထိုင်းနိုင်ငံမှာ အရှေ့တောင်အာရှရဲ့ ပထမဆုံး လျှပ်စစ်ကားစက်ရုံ ဖွင့်

ရယောင်း၊ ဇူလိုင် ၄

တရုတ်နိုင်ငံက BYD ကားကုမ္ပဏီဟာ ထိုင်းနိုင်ငံမှာ  လျှပ်စစ်ကားစက်ရုံကို ဇူလိုင်လ ၄ရက်က  စပြီးဖွင့်လှစ် လိုက်ပြီ ဖြစ်ပါတယ်။ ဒါဟာ အရှေ့တောင်အာရှ မှာ သူရဲ့ ပထမဆုံး စက်ရုံဖြစ်လာခဲ့ပါတယ်။

“ထိုင်းနိုင်ငံဟာ လျှပ်စစ်ကားတွေအပေါ်  ရှင်းရှင်းလင်းလင်း အမြင်ရှိတာ တွေ့ရပါတယ်။ ခုဆိုရင်တော့ မော်တော်ယာဥ်ထုတ်လုပ်ရေးခေတ်သစ်ကို ဝင်ရောက်သွားပါပြီ” လို့  BYD အမှုဆောင်အရာရှိချုပ်နဲ့ ဥက္ကဋ္ဌ ဝမ် ရွှမ်းဖူက ဖွင့်ပွဲအခမ်းအနားမှာ ပြောဆိုခဲ့ပါတယ်။ “ကျွန်တော်တို့က တရုတ်ကနေ ထိုင်းနိုင်ငံကို နည်းပညာတွေ ယူလာပါ့မယ်” ဆိုပြီးလည်း ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

အခု ထိုင်းနိုင်ငံမှာ ဖွင့်လိုက်တဲ့ BYD စက်ရုံဟာ  တရုတ် လျှပ်စစ်ကား EV ထုတ်လုပ်သူတွေဆီက  အမေရိကန်ဒေါ်လာ ၁ ဒသမ၄၄ ဘီလီယံကျော် တန်ဖိုးရှိတဲ့  ရင်းနှီးမြှုပ်နှံမှုတွေရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်တယ်လို့ သိရပါတယ်။

ထိုင်းအစိုးရဟာ၂၀၃၀ ခုနှစ် အရောက်မှာ နှစ်စဉ် ကားအစီးရေ ၂ဒသမ ၅သန်း ထုတ်လုပ်နေတဲ့အထဲက ၃၀ ရာခိုင်နှုန်းကို EV တွေ အစားထိုးဖို့  ရည်မှန်းထားတယ်လို့ သိရပါတယ်။

Ref:CNA

ပုံစာ။ ၂၀၂၄ မတ်လက ကျင်းပခဲ့တဲ့ ဘန်ကောက်မြို့က ကားပြပွဲ တစ်ခု

Feature Image Credit: AFP/Lillian SUWANRUMPHA)

Visited 42 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *