ခုနှစ်နိုင်ငံဟီရိုရှီးမားထိပ်သီးဆွေးနွေးပွဲနဲ့အပြိုင် တရုတ်နိုင်ငံ ချီအန်းမြို့မှာ မေ၁၉ ရက်က တ ရုတ်-အလယ်အာရှထိပ်သီး ဆွေးနွေးပွဲကျင်းပတယ်။
တရုတ်သမ္မတရှီကျင့်ဖျင်၊ ခါဇက် စ တန်သမ္မတ ကတ်ဆင်မ်ဂျိုမတ်တိုကာ ယက်ဗ်၊ ကာဂျစ်စတန်သမ္မတ ဆဒါဂျကို ရော့ဗ်၊တာဂျစ်ကစတန်သမ္မတဆာဒါဘာဒီဘူခါမေဒေါ့ဗ် နဲ့ ဥဇဘက်ကစတန် သမ္မတ ရှတ်ဗ်ကတ်မီဇီယိုယက်ဗ်တို့ တက် ရောက်ကြတယ်လို့ တရုတ်နိုင်ငံခြားရေးဝန် ကြီးဌာနက သတင်းထုတ်ပြန်တယ်။
အဲဒီသမ္မတတွေဟာတရုတ်နဲ့အာရှအလယ် ပိုင်းနိူင်ငံတွေအကြားအပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး သံတမန်ဆက်ဆံရေး နဲ့ စီးပွါးရေး ကုန်သွယ်ရေးကိစတွေအကြောင်း ညှိနှိုင်းဆွေးနွေးခဲ့ ကြတယ်။
ခုနှစ်နိုင်ငံထိပ်သီးဆွေးနွေးပွဲမှာ ရုရှားနဲ့ တရုတ်ကို ပိတ်ဆို့ဖို့ အရေးယူဖို့ အပျက် သဘော ပြောဆိုနေကြတဲ့အချိန်မှာ ရှီကျင့် ဖျင်က ကုန်သွယ်ဖက် စီးပွါးဖက် အလယ် အာရှနိုင်ငံတွေ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး တရုတ်နဲ့ တိုးမြှင့် ကုန်သွယ်လာနိုင်စေဖို့ အပြုသဘော အလေးထား ညှိနှိုင်းဆွေး နွေးနိုင်ခဲ့ကြောင်း တရုတ်အစိုးရ သတင်းမီဒီ ယာတွေက ရေးသားထုတ်လွှင့် ဖော်ပြ ကြတယ်။
တရုတ်နိုင်ငံနဲ့ အလယ်အာရှအကြား မနှစ်က ကုန်သွယ်မှုပမာဏဟာ အမေ ရိကန်ဒေါ်လာ ဘီလျံ ၇၀ ရှိခဲ့ပါတယ်။
Ref: Aljazeera