တရုတ် ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးနဲ့ နစကဥက္ကဌ တွေ့ဆုံ

■တွေ့ဆုံရာမှာ နှစ်နိုင်ငံ ငြိမ်းချမ်းရေးဆိုင်ရာများ၊ကုန်သွယ်မှုဆိုင်ရာများနဲ့တရားမဝင် အွန်လိုင်းလောင်ကစားဆိုင်ရာများကို ဆွေးနွေးခဲ့ကြ

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူး Mr. Wang Yuboဟာ နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို ဖေဖော်ဝါရီ ၂၀ ရက် နံနက်ပိုင်းက နေပြည် တော် နစကဥက္ကဋ္ဌရုံး၊ သံတမန်ဆောင်ခန်းမမှာ လာရောက်ဂါရဝပြု တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

နစကဥက္ကဌနှဲ့ ယူနန်ပြည်နယ်အုပ်ချုပ်ရေးမှူးတို့ဟာ နှစ်နိုင် ငံအကြား နိုင်ငံရေးပိုင်းဆိုင်ရာယုံကြည်မှု ပိုမိုတိုး တက်လာစေရေးနှင့် စီးပွားရေးဆိုင်ရာဆက်သွယ်ဆက်ဆံမှု ပိုမိုမြှင့်တင်နိုင်ရေး အစိုးရချင်း ဆောင်ရွက်ရန် လိုအပ်မှုအခြေအ နေများကိုဆွေးနွေးခဲ့ကြပြီး မြန်မာနိုင်ငံနှင့်ယူနန်ပြည်နယ်အကြား နယ်နိ မိတ်ထိစပ်မှုအများဆုံးဖြစ်ပြီး နှစ်နိုင်ငံကုန်သွယ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ရေးအတွက် နယ်စပ်ဒေသကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများပြန်လည်ကောင်းမွန်လာ စေရေးဆောင်ရွက်ရမယ့် အခြေအနေများ၊ နယ်စပ်ဖြတ်ကျော် တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်း ရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက် ဆောင်ရွက်ရန်လိုအပ်မှုအခြေအနေများ၊ နယ်စပ်ဒေသမှာ အွန်လိုင်းလောင်းကစားမှုနှင့် အွန်လိုင်းလိမ်လည်မှုများပပျောက်စေရေးအတွက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်ခဲ့မှု အခြေအနေများကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *