တရုတ် ဖိအားတွေ  တိုးလာချိန်မှာပဲ ထိုင်ဝမ်သမ္မတသစ် ကျမ်းကျိန်

တိုင်ပေ၊ မေ ၂၀

ထိုင်ဝမ်သမ္မတ လိုင်ကျင်းတီဟာ ဒီနေ့  တနင်္လာနေ့ (မေလ ၂၀ ရက်) မှာ တရုတ်စစ်တပ်ရဲ့  ဖိအားပေးမှုတွေနဲ့  ရန်လိုမှုတွေ ကို ရင်ဆိုင်နေရတဲ့ ကြားထဲကပဲ ထိုင်ဝမ်နိုင်ငံရဲ့သမ္မတသစ်အဖြစ်  ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံကလည်း ထိုင်ဝမ်ကို သူ့ပိုင်နက်အစိတ်အပိုင်းဆိုပြီး  အခိုင်အမာပြောဆိုထားသလို အသက် ၆၄နှစ်အရွယ် သမ္မတသစ်ကိုလည်း  ” အန္တရာယ်ရှိသော ခွဲထွက်ရေးသမား” ဆိုပြီး စွပ်စွဲထားပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ရဲ့ တောင်းဆိုမှုကို ပယ်ချခဲ့တာမို့  ဘေဂျင်းနဲ့ ဆက်ဆံရေးဟာ ရှစ်နှစ်တာကာလအတွင်း သိသိသာသာ ယိုယွင်းလာနေတာလည်း ဖြစ်ပါတယ်။

သမ္မတသစ်ကတော့  တရားဝင်လွတ်လပ်ရေး မကြေငြာဘဲ ထိုင်ဝမ်ရေလက်ကြားမှာ ထိုင်ဝမ်ရဲ့ လက်ရှိအနေအထားကို ဆက်ထိန်းသိမ်းနိုင်မယ်လို့  ထပ်ခါတလဲလဲ ကတိပြုခဲ့တယ်လို့ သတင်းတွေမှာ ဖော်ပြပါတယ်။

Ref: CAN

ပုံစာ။ ကျမ်းကျိန်နေတဲ့ သမ္မတသစ်

Feature Image credit: AFP/TAIWAN PRESIDENTIAL OFFICE

Visited 36 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *