တရုတ်အာဏာပိုင်တွေက သီးသန့်ခွဲထားမှု ကွာရတင်းကို ဖြေလျှော့ပေးတော့မှာ ဖြစ်လို့  နှစ်နဲ့ချီကွဲကွာနေတဲ့ မိသားစုတွေ ‌ပျော်ရွှင်နေကြ

ကွာရတင်းချထားတဲ့ တရုတ်နိုင်ငံတွင်းက မြို့လယ် တစ်နေရာ
Photo Credit: AP

ဟောင်ကောင်၊ ဒီဇင်ဘာ ၂၇

တရုတ်အာဏာပိုင်တွေက ကိုဗစ်နဲ့ဆိုင်တဲ့ ကွာရတင်းချတဲ့ တင်းကျပ်တဲ့ စည်းမျဉ်းတွေကို ဖြေလျှော့ ပေးတော့မှာမို့ လွန်ခဲ့တဲ့ သုံးနှစ်ကာလကစ  နိုင်ငံထဲ မှာပဲအထီးကျန်နေကြရတဲ့ သန်းရာနဲ့ချီတဲ့ နိုင်ငံသားတွေအပါအဝင် နိုင်ငံရပ်ခြားကိုရောက်ပြီး ကွဲကွာသွားခဲ့ကြတဲ့ ချစ်ရခင်ရသူတွေရော ဆွေမျိုးမိတ်ဆွေတွေအားလုံး အတိုင်းမသိပျော်ရွှင်နေကြရတယ်လို့ သိရပါတယ်။

တရုတ်အာဏာပိုင်တွေက ၂၀၂၃ ဇန်နဝါရီ ၈ ရက်က စပြီး နိုင်ငံတကာကို ရောက်ပြီး ပြန်လာမယ့်သူအားလုံးအတွက် အပါအဝင် စီးပွားရေး ဒါမှမဟုတ် မိသားစု အလည်အပတ်ခရီးတွေအတွက် ကိုဗစ်နဲ့ ဆိုင်တဲ့ သီးခြားကန့်သတ်ချက်တွေ လျှော့ချပေးမယ့်လို့ ဒီဇင်ဘာ ၂၆ရက် တနင်္လာနေ့က ထုတ်ပြန်ကြေညာခဲ့ပြီး  တင်းကြပ်တဲ့ ကိုဗစ်-သုညမူဝါဒကို ရုပ်သိမ်းဖို့ ပထမခြေလှမ်းတစ်ခု စ တင်လိုက်ပါတယ်။

အစိုးရက ဒီလို ဖြေလျော့ပေးဖို့ အချက်ပြလိုက်ပေမယ့် နိုင်ငံခြားသားဝင်ထွက်မှု့နဲ  ပတ်သက်ပြီး ကန့်သတ်ချက်တချို့ ရှိနေဆဲ ဖြစ်ပြီးနယ်စပ်အများစုကတော့ပိတ်ထားဆဲပဲ ဖြစ်ပါတယ်။

နိုင်ငံရပ်ခြားမှာ ရှိနေတဲ့ တရုတ်နိုင်ငံသားတွေအနေနဲ့က အခုလို အချိန်အကြာကြီး သီးသန့်ခွဲထားမှုကို ခံနိုင်ရည်မရှိတော့တဲ့ ဒါမှမဟုတ် အိမ်အရမ်းပြန်ချင်နေတဲ့အဝေးရောက်တွေအဖို့ နောက်ဆုံးတော့ သူတို့ အိမ်ပြန်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။ ဒုက္ခတွေ၊ အနစ်နာတွေ အများကြီးခံ ကြိုးစားခဲ့ရတဲ့ ခါးသီးသော အောင်ပွဲတစ်ခုလို့လည်း ဆိုရမှာ ဖြစ်ပါတယ်။

“နောက်ဆုံးတော့ လူတိုင်းဟာ သူတို့ရဲ့ ပုံမှန်ဘဝနဲ့ နေထိုင်နိုင်မှာပါ” လို့ နယူးယောက်မှာ လေးနှစ်လောက်ကြာအောင် အိမ်မရှိဘဲနေထိုင်ခဲ့ရတဲ့ တရုတ်လူမျိုးတဦးက ရင်ဖွင့်ပါတယ်။။ သူမက အခုလိုခွဲခွာရတာက “အရမ်းကိုနာကျင်စေပါတယ်” လို့ ပြောသလိုဟူ၍ သူမ မိသားစုဝင်တွေအတူ ကြီးပြင်းခဲတဲ့ အိမ်ရယ်၊ ကွဲကွာနေတုန်း သေသွားခဲ့တဲ့ သူမရဲ့ အချစ်တော်ခွေးလေး ကိုလည်း လွမ်းကြောင်းပြောပါတယ်။

သူမရဲ့ မိသားစုနဲ့အတူ ဘွဲနှင်းသဘင်လည်း လွဲချော်ခဲ့ရပါတယ်။ အခြားသူတော်တော်များများလည်း သူလိုပဲလို့ ဆိုပါတယ်။

တချို့သူငယ်ချင်းတွေ က ကပ်ရောဂါ ကာလမှာ အိမ်ထောင်ပြုခဲ့ကြတယ်။ တချို့က ကလေးတောင် မွေးကြတယ်။ အခု အရာ အား လုံးကို လွမ်းဆွတ်နေသလို ခံစားရတယ်၊ သူတို့ရဲ့ ဘဝရဲ့ အရေးကြီးဆုံးအချက်တွေကို လွဲချော်ခဲ့ရတယ်” လို့လည်းပြောပါတယ်။

ကွာရတင်းလိုအပ်ချက်တွေနဲ့ ပတ်သက်ပြီးအဆိုးဆုံးက  သူမ အဘိုးအဘွားတွေ  ကျန်းမာရေးအတွက် စိုးရိမ်နေပြီး တစ်စုံ တစ်ရာ ဖြစ်လာပါက နှုတ်ဆက်ဖို့ အချိန်မီ ပြန်လာနိုင်ပါမလား မသိဘူး လို့သူမက  ဆက်ပြောပါသေးတယ်။

ကပ်ရောဂါတစ်လျှောက်လုံး “ကြောက်စရာအကောင်းဆုံးက… အဆုံးသတ်ကဘယ်မှာရှိမှန်းမသိ၊ ဘယ်အချိန်ပြန်သွားနိုင်မလဲကိုမသိ”လို့ ဆိုပါတယ်။”အခုတော့ အရမ်းပျော်နေပါပြီ… သေချာပါတယ်.. နောက်ဆုံးတော့ အဆုံးကို မြင်နိုင်ပါပြီ” လို့ ပြောပါတယ်။

တရုတ်နိုင်ငံထဲကသူတွေကလည်း ပွဲတော်ကျင်းပကြပြီး ခရီးသွားတွေကို စောင့်မျှော်နေပါတယ်။။ အများစုဟာ နိုင်ငံထဲကနေ နှစ်အတော်ကြာ မထွက်ခွာခဲ့ကြရဘဲ အခုအချိန်မှာတော့ ခရီးထွက်ဖို့ ပြင်နေကြပါပြီ။

ပြင်ပလေယာဥ်တွေနဲ့ နိုင်ငံရပ်ခြားဟိုတယ်အတွက် အွန်လိုင်းဘွတ်ကင်ရှာဖွေမှုတွေဟာ တရုတ်ခရီးသွားဘွတ်ကင်ဝက်ဘ်ဆိုဒ်တစ်ခုဖြစ်တဲ့Trip.com မှာသုံးနှစ်တာ အတွင်း အထွတ်အထိပ်ကို ခုန်တက်သွားခဲ့ကြောင်း ကုမ္ပဏီအချက်အလက်တွေအရ သိရပါတယ်။ ကြေငြာပြီး နာရီဝက်အတွင်း လူကြိုက်များတဲ့နေရာတွေကို ရှာဖွေမှုတွေက ဆယ်ဆတိုးလာကာ ဇန်နဝါရီနှောင်းပိုင်း၊နှစ်သစ်ကူး အားလပ်ရက်ရာသီ စတာတွေအတွက် လူအများအပြားက အဖွဲ့လိုက် ခရီးစဉ်တွေကို ရှာဖွေနေကြတဲ့အကြောင်း ဒေတာတွေက ဖော်ပြပါတယ်။

မကာအို၊ ဟောင်ကောင်၊ ဂျပန်၊ ထိုင်း၊ တောင်ကိုရီးယား၊ အမေရိကန်နှင့် ဗြိတိန် အစရှိတဲ့နိုင်ငံတွေက ကြေငြာပြီးကတည်းက ရှာဖွေမှုပမာဏ အလျင်မြန်တိုးလာကာ ထိပ်တန်းနေရာ ၁၀ ခု အဖြစ်ရပ်တည်နေတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် နယ်စပ်ဖြတ်တောက်မှုတွေ ရှိနေသေးတာမို့ တချို့သောသူတွေက စိုးရိမ်ပူပန်မှု ရှိနေဆဲလို့လည်း သိရပါတယ်။

Ref:CNN

Leave a Reply

Your email address will not be published. Required fields are marked *