စီချွမ်၊ ဇွန် ၂၄
တရုတ်နိုင်ငံ အာကာသစခန်းက ပစ်လွှတ်လိုက်တဲ့ ဒုံးပျံတစ်စင်း အနောက်တောင်ပိုင်းက ရွာတစ်ရွာပေါ် ဇွန် ၂၃ရက်က ပျက်ကျခဲ့တယ်လို့ သိရပါတယ်။
ရွာထဲမှာ အဝါရောင် မီးခိုးလုံးတွေ ထွက်နေပြီး ရွာသူရွာသားတွေကလည်း ပြေးလွှားနေတဲ့ ဗွီဒီယို တရုတ်လူမှုကွန်ရက် မီဒီယာပေါ်မှာ တက်လာခဲ့ပါတယ်။
စီချွမ်ပြည်နယ် အနောက်တောင်ပိုင်းမှာရှိတဲ့ ရှိချမ်းဂြိုလ်တုလွှတ်တင်ရေးစခန်းကနေ လွှတ်တင်လိုက်တဲ့ Long March 2C လို့ နာမည်ပေးထားတဲ့ ဂြိုလ်တုကို သယ်ဆောင်သွားတဲ့ ဒုံးပျံတစ်စင်းဟာ ဇွန် ၂၃ ညနေ ၃ နာရီလောက်မှာ ပေါက်ကွဲပြီး ပြန်ကျလာတာလို့ သိရပါတယ်။
ဒိ ဒုံးပျံဟာ တရုတ်နိုင်ငံနဲ့ ပြင်သစ် နှစ်နိုင်ငံ ပူးတွဲ တီထွင်ထုတ်လုပ်ထားတဲ့ အဆင့်မြင့် ဂြိုလ်တုတစ်ခုဖြစ်ပြီး Space Variable Objects Monitor ကို ပတ်လမ်းထဲကို လွှတ်တင်ကာ ဂမ်မာရောင်ခြည် ပေါက်ကွဲခြင်းကို သိနိုင်ဖို့ ကြယ်တွေရဲ့ပေါက်ကွဲမှုကို လေ့လာဖို့လို့ သိရပါတယ်။
ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး အစိုးရအနေနဲ့ သီးသန်hပြောဆိုတာမျိုး မရှိသေးဘူးလို့လည်း သိရပါတယ်။
Ref: CNN
ပုံစာ။ အခင်းဖြစ်ချိန်မှာ တွေ့ရတဲ့ မြင်ကွင်းတချို့
Feature Image credit: satellite news netwwork



