တရုတ်အစိုးရရဲ့  ကိုဗစ်-သုည မူဝါကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲ မှာ ဖမ်းဆီးခံခဲရတဲ့ အမျိုးသမီးအယ်ဒီတာ ပြန်လွတ်လာ

ဘေကျင်း၊ ဧပြီ ၂၀

ပြီးခဲ့တဲ့နှစ် ၂၀၂၂ က ဘေဂျင်း ရဲ့ ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကန့်သတ်ချက်တွေကို  ငြိမ်းချမ်းစွာ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့  ပွဲမှာ ပါဝင်ခဲ့မှုနဲ့  ဖမ်းဆီးခံခဲ့ရတဲ့ တရုတ်အမျိုးသမီးငယ်တစ်ဦးကို ရဲတပ်ဖွဲ့က လေးလကြာ ဖမ်းဆီးထားပြီးတဲ့  နောက်မှာ တော့ ပြီးခဲ့တဲ့ ဧပြီ ၂၀ ရက်နေ့ မှာ  သူရဲ့ သူငယ်ချင်းတွေနဲ့ အတူ ပြန်လွတ်လာ ခဲ့ပြီ ဆိုတဲ့အပြောင်း  သူတိုနဲ့ နီးစပ်တဲ့ အမည် မဖေါ်လိုတဲ့သူ တစ်ယောက် ပြောပြလို့ ဒီနေ့ ဧပြီ ၂၆ မှာသိရပါတယ်။

အသက်၂၆ နှစ်အရွယ် ရှိသူ၊ စာအုပ်တိုက်တစ်ခုမှာ အယ်ဒီတာအလုပ် လုပ်တဲ့ ကောက်ရှီဇင် ဖြစ်တယ်လို့လည်း သိရပါ တယ်။ ကောက် တစ်ယောက် ဗုဒ္ဓဟူးနေ့ညနေပိုင်းမှာ  ပြန်လွတ်လာခဲ့တဲ့ အကြောင်းကို တိုက်ရိုက် သတင်း ရင်းမြစ်တစ် ခုကနေ သိရတာလို့လည်း ဆိုပါတယ်။   တချိန်တည်း ထိန်းသိမ်းခံခဲ့ရတဲ့ သူ့ရဲ သူငယ်ချင်း သုံးဦးကိုလည်း ပြန်လွှတ်ပေး ခဲ့ကြောင်း ရင်းမြစ်ကနေသိရပါတယ်။သူတို့ လွတ်မြောက်လာတဲ့ အခြေအနေတွေကို ချက်ခြင်း ရှင်းရှင်းလင်းလင်း မသိရ သေး သလို သူတိုတွေ စွဲချက်တင်ခံရခြင်း ရှိမရှိကိုလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

အဲ့ဒိ မိန်းကလေးကို  CNN က ဆက်သွယ်ခဲ့ပေမယ့် မရသေးဘူးလို့လည်း ပြောပါတယ်။

အဲ့ဒိအမှုတွေကို ကိုင်တွယ်နေတယ်လို့ ယူဆရတဲ့  ပေကျင်းမြို့ ချောက်ယန်ခရိုင်က ရဲတွေကို CNN က လှမ်း ဆက်သွယ်ပြီး မှတ်ချက်ပေးဖို့ ဆက်သွယ်ပေမယ့် မရခဲ့သလို ဘေဂျင်းမြို့တော် စည်ပင်ရဲဌာနကို ဆက်သွယ်ခဲ့တာလည်း မရခဲ့ဘူးလို့ သ တင်းဌာနက ပြောပါတယ်။

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ရှစ်ဦးဟာ လူငယ်ပညာရှင်တွေ ဖြစ်ပြီး ဒီဇင်္ဘာ ၂၇ ရက်က ဘေကျင်းမှာ ငြိမ်းချမ်းစွာ ဆန္ဒပြ ပြီးတဲ့နောက် ရက်သတ္တပတ်တွေထဲမှာပဲ အာဏာပိုင်တွေက တိတ်တဆိတ် လာပြီး ဖမ်းဆီးသွားခဲ့တာလို့  CNN က အတည် ပြုခဲ့ပါတယ်။

Ref: CNN

Photo Credit: Reuters

Visited 99 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *