
Photo Credit: REUTERS/Kim Hong-Ji
ဆိုးလ်၊ ဖေဖေါ်ဝါရီ ၁၅
တရုတ်နိုင်ငံအနေနဲ့ တောင်ကိုရီးယားနိုင်ငံသားတွေ အတွက် ဖေဖော်ဝါရီ ၁၈ ရက်နေ့ကစပြီး ကာလတိုဗီဇာတွေ ပြန်ထုတ် ပေးမယ်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့အခြေစိုက် တရုတ်သံရုံးက ဗုဒ္ဓဟူးနေ့ (ဖေဖော်ဝါရီ၁၅ရက်) မှာ သတင်း ထုတ် ပြန် ခဲ့ပါတယ်။
လာမယ့် ဖေဖေါ်ဝါရီ ၁၈ရက် စနေနေ့က စပြီး ဆိုးလ်မြို့က တရုတ်သံရုံးနဲ့ အခြားကောင်စစ်ဝန်ရုံးတွေမှာ “တရုတ်နိုင်ငံကို သွားရောက်လည်ပတ်ဖို့ အပြင် ၊ စီးပွားရေးအပါအဝင် အခြားတစ်ဦးချင်းရဲ့ လူမှုရေးကိစ္စတွေ အတွက် ကိုရီးယားနိုင်ငံသား တွေကို ကာလတိုဗီဇာတွေ ပြန်ထုတ်ပေးပါ့မယ်” လို့ တရုတ်သံရုံးက သူ့ရဲ့ တရားဝင် WeChat အကောင့်မှာ ပြောဆို အသိ ပေးလိုက်ပါတယ်။
ဆိုးလ်နဲ့ တိုကျိုတို့ဟာ တရုတ်နိုင်ငံက ခရီးသွားတွေကို ကိုဗစ်-၁၉ အစီအမံတွေ ချမှတ်လိုက်တဲ့နောက်တော့ တရုတ် နိုင်ငံ ဘက်ကလည်း တုန့်ပြန်တဲ့အနေနဲ့ တောင်ကိုရီးယားနဲ့ ဂျပန် နိုင်ငံသားတွေ အတွက် နဂိုရှိပြီးသား ဗီဇာ ကင်းလွတ် ဖြတ် သန်း ခွင့်ကို ပြီးခဲတဲ့လ ဇန်နဝါရီ ကတည်းက ဖျက်သိမ်းခဲ့တာဖြစ်ပါတယ်။
ဒီနေ့ အခြေအနေတွေမှာတော့ တရုတ်အစိုးရဟာ သူ့နိုင်ငံထဲ ရောက်လာတဲ့သူမှန်သမျှကို မဖြစ်အနေ လိုက်နာရမယ့် ကွာရတင်း ဝင်ရမယ့် စည်းမျည်းတွေပါဝင်တဲ့ တင်းကျပ်တဲ့ ကိုဗစ်မူဝါဒတွေကို ရုတ်တရက် ဖျက်သိမ်းခဲ့ပြီးတဲ့နောက် တရုတ်ပြည်တွင်းခရီးသွားလုပ်ငန်းတွေရော၊ ပြည်ပခရီးစဥ်တွေပါမကျန် တိုးလာတာမို့ တရုတ် ခရီးသွား လုပ်ငန်းတွေက တစ်ရက်ထက်တစ်ရက် တစ်ဟန်ထိုး အရှိန်မြင့်လာတာ ကို မြင်တွေ့ကြရ မှာ ဖြစ်တယ်လို့ သတင်းတွေက ဖော်ပြနေ ကြပါတယ်။
အလားတူတောင်ကိုရီးယားနိုင်ငံကို လာပြီး လည်ပတ်ကြတဲ့ ခရီးသွားတွေထဲမှာ တရုတ်ခရီးသွားတွေက ၅၀ရာခိုင်နူန်း မက ရှိနေတာမို့ ကိုရီးယားဘက်ကလည်း တရုတ်ခရီးသွားတွေ လာရောက်လည်ပတ်ဖို့ လက်တွေမှာ ဆန္ဒပြင်းပြနေတာလည်း ဖြစ်ပါတယ်။
Ref: AFP/gs

Photo Credit: (Kim David/Shutterstock)