ဝါရှင်တန်၊ ဩဂုတ် ၁၆
သူ့အီးမေးလ်တွေကို တရုတ်သူလျှိုတွေက ဟက်ခ်တာ ခံရတယ်လို့ နီဘာ့စကား ရိပတ်ဘလစ်ကန် အောက်လွှတ်တော် အမတ် ဒွန် ဘေကွန် က သြဂုတ် ၁၄ ရက် တနင်္လာ နှောင်းပိုင်း ပြောဆိုလိုက်ပါတယ်။
ဟက်ခံရတဲ့ ကိစ္စကို FBI က သတိပေးလာတာဖြစ်ပြီး ပုဂ္ဂိုလ်ရေးနဲ့ မဲဆွယ်ရေးစာတွေပါ ပါတယ်လို့ သိရပါတယ်။
တရုတ်သူလျိုတွေဟာ ဇွန် ၁၆ ရက်မှာ ဘေကွန့် အကောင့်တွေထဲကို ဝင်ကြည့်ခဲ့ကြတယ်လို့ FBI က အသိပေးလာတယ်လို့ သူ့ရဲ့ လူမှု့မီဒီယာ X ( Twittr) ကနေ ပြောပါတယ်။
ပြီးခဲ့တဲ့လကလည်း မိုက်ခရိုဆော်ဖ်ရဲ့ ဖော်ထုတ်ချက်အရ ယူအက်စ် ကူးသန်းရောင်းဝယ်ရေးအပါအဝင် အကြီးတန်း အမေရိကန်အရာရှိတွေဆီက အီးမေးလ်ပေါင်း ထောင်ပေါင်းများစွာကို ခိုးယူသွားတာ ခံခဲ့ရသေးတယ်လို့ သိရပါတယ်။
အောက်လွှတ်တော်ရဲ့ အီးမေးလ်အကောင့်ကို မဲဆွယ်စည်းရုံးမှုရဲ့ တစ်စိတ်တစ်ပိုင်းအနေနဲ့ ပစ်မှတ်ထားတာလို့ CNN ကလည်း ရေးသားခဲ့ဖူးပါတယ်။
ဘေကွန်ဟာ အောက်လွှတ်တော် လက်နက်ကိုင် ဝန်ဆောင်မှုကော်မတီမှာ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ လေတပ်ဗိုလ်မှူး ဟောင်းတစ်ယောက်ဖြစ်ပြီး အမေရိကန်စစ်တပ်ရဲ့ နှစ်စဉ်ဘတ်ဂျက်နဲ့ အသုံးစရိတ်အစီအစဉ်ကို ဆုံးဖြတ်ပေးရတဲ့ အဖွဲဝင် တစ်ယောက်လည်း ဖြစ်ပါတယ်။
Ref:CAN
Feature Image Credit: US House of Representatives/Handout



