ဘေကျင်း အနေနဲ့ သူတို အကောင်အထည်ဖေါ်မယ့် Belt and Road လို့ အမည်ပေးထားတဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမ နိုင်ငံတကာ ပရောဂျက်စီမံကိန်းကြီးအတွက် ပဏာမ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ ကျော်ကို ထည့် သွင်းသွားမှာ ဖြစ်တယ် လို့ တရုတ်သမ္မတ ရှီကျင့်ဖျင်က အောက်တိုဘာ ၁၈ ရက် ပြုလုပ်ခဲ့တဲ့ ပရောဂျက်ရဲ့ ဆယ် နှစ်မြောက် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေးမှာ ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
ပိုးလမ်းမစီမံကိန်းဟာ တရုတ်နိုင်ငံရဲ့ သြဇာအာဏာကို နိုင်ငံရပ်ခြားတွေမှာ ချဲ့ထွင်နိုင်ဖို့ ရှီကျင့်ဖျင်ရဲ့ ဗဟိုမဏ္ဍိုင် စီမံ ကိန်းဖြစ်ပြီး အခုအခါ ကမ္ဘာတစ်ဝှမ်းမှာ သဘောတူ ကန်ထရိုက်စာချုပ် အမေရိကန်ဒေါ်လာ နှစ်ထရီလျံကျော် တန်ဖိုး အထိရေးထိုးပြီး ပြီလို့ ဘေဂျင်းက ပြောပါတယ်။
အရင်းအမြစ်များနဲ့ စီးပွားရေးတိုးတက်မှာတွေကို ထောက်ခံသူတွေ က ချီးမွမ်းနေပေမယ့်လည်း ကြွေးမြီတင်သွားမယ့် နိုင်ငံတချို့အတွက်ကလည်း ပြစ်တင်ရှုတ်ချ စရာ ဖြစ်နေပြန်ပါတယ်။
ငွေချေးမယ့် တရုတ်ဘဏ်တွေ ဖြစ်တဲ့ China Develpoment Bank နဲ့ Export- Import Bank တွေကတော့ စီမံ ကိန်း ချေးငွေတွေ အမေရိကန်ဒေါ်လာ ဘီလီယံ ၁၀၀ အထိ ထပ်ချေးပေးဦးမယ်လို့ပြောပါတယ်။
နိုင်ငံပေါင်း ၁၃၀က ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့တဲ့ အခုသီတင်းပတ် ဖိုရမ်ဟာ Belt and Road 2013 လို့ အမည် ရပြီး ဝေဖန်သူတွေက တရုတ်ကုမ္ပဏီတွေက တည်ဆောက်နေတဲ့ BRI ပရောဂျက်တွေအတွက် ပွင့်လင်းမြင်သာတဲ့ စျေးနှုန်း ဖြစ်လာဖို့ ကာလကြာရှည်စွာ ထောက်ပြခဲ့ပြီး မလေးရှားနဲ့ မြန်မာအပါအဝင် နိုင်ငံအတော်များများက ကုန်ကျစရိတ်တွေကို လျှော့ချဖို့ အပြန်အလှန် ပြန်လည်ညှိနှိုင်းခဲ့ကြတယ်လို သိရပါတယ်။
Ref: CNA/at
ပုံစာ။ ၂၀၂၃ အောက်တိုဘာလ ၁၇ရက်နေ့က ဘေဂျင်းမြိုမှာ ကျင်းပခဲ့တဲ့ Belt and Road ဖိုရမ်မှာ တွေ့ရတဲ့ သမ္မတ ရှီကျင်းဖျင်
Feature Image Credit: Pool via Reuters/Sputnik/Sergei Savostyanov