တရုတ်သမ္မတရှီကျင့်ဖျင်က ရုရှားကို လက်နက် မရောင်းဘူးလို ယူကရိန်သမ္မတကိုပြော

ကိ့ဖ်၊ ဇွန် ၁၄

တရုတ်သမ္မတ ရှိ နဲ့  ယူကရိန်းသမ္မတ ဇလန်းစကီးတို့ နှစ်ဦးကြား ဖုန်းပြောဆိုမှုမှာ  တရုတ်နိုင်ငံဟာ ရုရှားကို လက်နက်တွေ ရောင်းချမှာ မဟုတ်ဘူးလို့ ရှိက ပြောခဲ့တဲ့အကြောင်း  ဇလန်းစကီးက ဇွန်လ (၁၃) ရက်နေ့က ပြောဆိုလိုက်ပါတယ်။

ဇလန်းစကီးဟာ  အီတလီမှာ ကျင်းပနေတဲ့  G7 ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်နဲ့ အတူ ပူးတွဲလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလို ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

“တရုတ်ခေါင်းဆောင်ကြီးနဲ့ ကျွန်တော် ပြတ်ပြတ်သားသား စကားစမြည်ပြောဖြစ်တယ်။ သူက ရုရှားကို ဘာလက်နက်မှ မရောင်းဘူးလို့ ပြောခဲ့တယ်” လို့ ဇလန်းစကီးက အင်္ဂလိပ်လို ပြောခဲ့တာ ဖြစ်ပါတယ်။

ဇလန်းစကီး စကားပြီးသွားချိန်မှာတော့ သမ္မတ ဂျိုး ဘိုင်ဒန် က “စကားမစပ်၊ တရုတ်က လက်နက်တွေ ထောက်ပံ့ပေးတာမဟုတ်ပေမယ့် အဲဒီလက်နက်တွေ ထုတ်လုပ်နိုင်တဲ့ စွမ်းရည်နဲ့ နည်းပညာတွေ  ရုရှားကို ကူညီပေးနေတာပါ” ဆိုပြီး ပြောဆိုလိုက်ပါတယ်။

ဇလန်းစကီးနဲ့ ရှီ တို့အကြား နောက်ဆုံး လူသိရှင်ကြား ဖုန်းခေါ်ဆိုမှုက ၂၀၂၃ ဧပြီက ဖြစ်ပြီး၊ ရုရှားရဲ့  လုံးလုံးလျားလျားကျူးကျော်မှုနောက်ပိုင်း တစ်ခုတည်းသော ဖုန်းခေါ်ဆိုမှုဖြစ်တယ်လို့လည်း သိရပါတယ်။

Ref: Reuters

ပုံစာ။ ယူကရိန်းသမ္မတ ဇလန်းစကီး

Feature Image credit: REUTERS/Thomas Peter)

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *