တရုတ်ရဲ့ သြဇာလွှမ်းမိုးမှုကြီးထွားလာနေတဲ့ ကမ္ဘောဒီယားကို အမေရိကန်ကာကွယ်ရေးဝန်ကြီး သွားရောက်

ဖနွမ်းပင်၊ ဇွန်  ၅

အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်ဟာ ဇွန် ၄ရက် အင်္ဂါနေ့မှာ ကမ္ဘောဒီးယားကို သွားရောက်ခဲ့ပြီး ဝန်ကြီးချုပ် အပါအဝင် ကာကွယ်ရေးဝန်ကြီးနဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

ခရီးစဉ်ရဲ့ ရည်ရွယ်ချက်ကတော့ ကမ္ဘောဒီးယားအနေနဲ့  တရုတ်နိုင်ငံရဲ့ အဓိက ရေတပ်အခြေစိုက် စခန်းတည်ဆောက်ချင်နေတာကို  ခွင့်ပြုလိုက်မှာ ဝါရှင်တန်က စိုးရိမ်နေခဲ့လိုပဲ ဖြစ်ပါတယ်။

ကမ္ဘောဒီးယားမြို့တော်ကို အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင် ရောက်တာဟာ ကာကွယ်ရေးဝန်ကြီးတစ်ယောက်အနေနဲ့  ဒုတိယအကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံခရီးစဉ် ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ကမ္ဘောဒီယားနိုင်ငံကိုတော့ ပထမအကြိမ်ရောက်တာ ဖြစ်ပါတယ်။

အထူးသဖြင့် ကမ္ဘောဒီးယားအပေါ် ဘေဂျင်းရဲ့  သြဇာလွှမ်းမိုးမှုက  မကြာသေးတဲ့ နှစ်တွေကစ သိသိသာသာ တိုးလာနေတာမို့ အမေရိကန်နဲ့ ကမ္ဘောဒီးယား နှစ်နိုင်ငံဆက်ဆံရေးက ကောင်းမွန်တယ်ဆိုတာ ပြသဖို့ အခုလို လာရောက်တာ ဖြစ်တယ်လို့ ဖနွမ်းပင် က သတင်း ထုတ်ပြန်ထားတယ်လို့ သိရပါတယ်။

Ref: CNN

ပုံစာ။ အမေရိကန်ကာကွယ်ရေးဝန်ကြီး နဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ်တို့ တွေဆုံနေပုံ

Feature Image Credit: Stringer/Pool/AFP/Getty Images

Visited 37 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *