ဂျာကာတာ၊ စက်တင်ဘာ ၄
မြန်မာ့အကျပ်အတည်း အပါအဝင် တရုတ်နိုင်ငံရဲ့ မြေပုံအသစ်ကြောင့် တောင်တရုတ်ပင်လယ်ထဲမှာ တင်းမာမှုတွေ တိုးမြင့် လာနေတဲ့ ပြဿနာတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ အာစီယံအဖွဲ့ရဲ့ ရုံးချုပ်တည်ရှိရာ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့မှာ မနက်ဖြန် စက်တင်ဘာ ၅ရက် ကနေ ၇ရက်အထိ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးမှာ ခေါင်းဆောင်တွေ အကျပ်အတည်း တွေ့နေရပြီလို့ သိရပါတယ်။
အင်ဒိုနီးရှားနိုင်ငံမှာကျင်းပမယ့် (၄၃)ကြိမ်မြောက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ထိပ်သီး အစည်း အဝေး မှာ အာဆီယံနိုင်ငံနဲ့ အာရှထိပ်သီး သုံးနိုင်ငံပေါင်းပြီး အပေါင်းသုံးထိပ်သီး အစည်းအဝေး အပါအဝင် ဒေသတွင်း အဓိက အစည်း အဝေးတွေနဲ့ အခြား ဆက်စပ်အစည်းအဝေးတွေကို အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပမှာ ဖြစ်ပါ တယ်။
တွေ့ဆုံမှုကနေ နိုင်ငံအလိုက် အစုအဖွဲ့တွေရဲ့ ခေါင်းဆောင်တွေကို နိုင်ငံရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေ အတွက် အမေရိကန် နဲ့ တရုတ်တို့လို ဆွေးနွေးဖက်နိုင်ငံတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အခွင့်အရေးတွေ ပေးမှာ ဖြစ်ပါတယ်။
လာမယ့် ထိပ်သီးအစည်းအဝေးရဲ့ အရေးကြီးတဲ့ ရလဒ်ဟာ အာဆီယံရဲ့ ရေရှည်မျှော်မှန်းချက်ကို လမ်းညွှန် ပေးမယ့် “Concord IV” လို့ ခေါ်တဲ့ ၂၀၂၂ အင်ဒိုနီးရှား ဘာလီထိပ်သီးအစည်းအဝေးမှာ ချမှတ်ခဲ့တဲ့ လူသားချင်းဆိုင်ရာ အသိ မှတ် ပြု ညှာတာ ထောက်ထားဖို့ဆိုတဲ့ ပြဌါန်းချက် ဖြစ်တယ်လို့ အင်ဒိုနီးရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဖတ်အာလာ မန်စူရီ က ပြောပါ တယ်။
“အာဆီယံရဲ့ ဗဟိုအချက်အချာကျမှု၊ အာဆီယံရဲ့ အရေးပါမှု၊ အနာဂတ် စိန်ခေါ်မှုတချို့ အပါအဝင် ကိစ္စရပ် တွေကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲဆိုတာနဲ့ ပတ်သက်လို့ပါ။ နောက်တစ်ခုကတော့ အာစီယံရဲ့ ပစိဖိတ်ဒေသဆိုင်ရာ မျှော်မှန်းချက်ပါ” လို့ CNAကို ပြောပါတယ်။
မဖြေရှင်းရသေးတဲ့ မြန်မာပဋိပက္ခ တစ်ခုကလည်း ရှိနေသေးပါတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်ကစခဲတဲ့ ပြဿနာတွေ စပြီးကတည်းက မြန်မာနိုင်ငံထဲမှာ အကြမ်းဖက်မှုတွေ စခဲ့ပြီး ဒေသအတော်များများဆီကိုလည်း ပျံ့နှံ့ သက် ရောက်နေ တယ်လို့ ဆိုပါတယ်။
ဒီလို ကိစ္စရပ်တွေနဲ့ပတ်သက်ပြီးတော့ လတ်တလောသတင်းတွေအရ မြန်မာနိုင်ငံအနေနဲ့ ပုံမှန် ရရှိမယ့် ၂၀၂၆ ခုနှစ် အလှည့်ကျ အာဆီယံဥက္ကဋ္ဌနေရာကနေ မြန်မာနိုင်ငံကို အလှည့်ကျော်သွားဖို ရှိနေတယ်လို့လည်း သိရပါတယ်။
Ref: CAN
ပုံစာအညွှန်း။ ၂၀၂၂ က ဘာလီမှာ တွေ့ဆုံခဲ့ကြတဲ့ ခေါင်းဆောင်များ
Feature Image Credit: ASEAN