
Photo Credit: REUTERS/Tyrone Siu
ထိုင်ဝမ်၊ ဇန်နဝါရီ ၁၈
ဒီမိုကရေစီလမ်းစဥ်ကျင့်သုံးတဲ့ ထိုင်ဝမ်ကျွန်းအပေါ် တရုတ်တို့ရဲ စစ်ရေးအရ ဖိအားတွေ ဆက်တိုက် တိုးမြင့်လာနေတာမို့ အမျိုးသမီးတွေကို အရန်အင်အား လေ့ကျင့်မှုမှာ ပထမဆုံးအကြိမ်အနေနဲ့ စေတနာ့ဝန်ထမ်း လုပ်ခွင့် ထိုင်ဝမ်စစ်တပ်က အင်္ဂါနေ့ ဇန်နဝါရီလ ၁၇ ရက်က ထုတ်ပြန်လိုက်ပါတယ်။
၂၀၂၃ခု နှစ် ဒုတိယသုံးလပတ်က စပြီး လေ့ကျင့်မှုတွေမှာ အမျိုးသမီး စစ်သား ၂၂၀ ကို စာရင်းသွင်းခွင့်ပြု့မယ်လို့ ထိုင်ဝမ် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။
ဝန်ကြီးဌာနရဲ့ All-Out Defence Mobilization Agency ရဲ့ ဗိုလ်ချုပ် ယူ ဝန် ချမ်း က အဲ့ဒိ လှုပ်ရှားမှုကို အခုနှစ် ၂၀၂၃ အတွက် စပြီးစမ်းသပ်လုပ်ကိုင်မှာ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာန အနေနဲ့ စစ်မှုထမ်းကျားမ လိင်နှစ်မျိုးလုံး ထားဖို့ လုံလောက်တဲ့ အခြေအနေ မရှိသေး တာ မို့ အမျိုးသား အရန်တပ်တွေကိုသာ လေ့ကျင့်ပေးခဲ့ရတဲ့အကြောင်း အရင်က ပြောခဲ့ဖူး တယ်လို့ လည်း သိရပါတယ်။
ထိုင်ဝမ်လွှတ်တော်အမတ်တွေကတော့ အရံသင်တန်းတွေမှာ အမျိုးသမီးတွေ မပါဝင်တာဟာ အမျိုးသမီးတွေကို ကျား၊မ ခွဲခြားဆက်ဆံတာလို့လည်း ဝေဖန်ကြပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ဒီဇင်ဘာလတုန်းကလည်း ထိုင်ဝမ်မှာရှိတဲ့ အရည်အချင်းပြည့်မီတဲ့ အမျိုးသားတွေအားလုံး မဖြစ်မနေ စစ်မှုထမ်းရမယ့် ကာလကို ၂၀၂၄ ခုနှစ်က စပြီး လေးလကနေ တစ်နှစ်အထိ သက်တမ်းတိုးမှာ ဖြစ်တယ် ဆိုတဲ့အ ကြောင်း ကြေငြာခဲ့ပြီး အဲ့ ထုတ်ပြန်ချက်အရ ၂၀၀၅ ခုနှစ်နောက်ပိုင်း မွေးတဲ့ အမျိုးသားတွေ အားလုံး အကျုံးဝင် မှာ ဖြစ်တဲ့ အကြောင်း သိရပါတယ်။
ထိုင်ဝမ်မှာ လက်ရှိ စစ်အင်အား ၁၇၀,၀၀၀ ဝန်းကျင်ရှိပြီး နှစ်စဥ် စေတနာ့ဝန်ထမ်း အများစုနဲ့ ဖွဲ့စည်းထားတဲ့ အရန်တပ်သား ၁၂၀,၀၀၀နီးပါးကိုလည်း လေ့ကျင့်ပေးနေတဲ့ အကြောင်း CIA World Factbook အရ သိရပါတယ်။
Ref:CNN

Photo Credit: DANIEL CENG SHOU-YI/ZUMA PRESS