တရုတ်ရဲ့ စစ်ရေးလေ့ကျင့်မှုအပြီး တင်းမာမှုတွေ စိုးရိမ်ဖွယ်ရာ အရမ်းမြင့်တက်လာတာမို့  တရုတ်နဲ့ အမေရိကန် ကာကွယ်ရေးဦးစီးချုပ်တွေ တွေ့ဖို့ ပြင်ဆင်

ဘေကျင်း၊ မေ ၂၅

ထိုင်ဝမ်မှာ အမေရိကန် ကျောထောက်နောက်ခံပြု ဒီမိုကရက်တစ် ခေါင်းဆောင်သစ် တက်လာပြီး ရက်ပိုင်းမှာပဲ တရုတ်က ထိုင်ဝမ်ကို ပတ်ဝိုင်းပြီး နှစ်ရက်တာ စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့တာမို့  ထိုင်ဝမ်တင်းမာမှုကို မီးထိုးပေးသလိုက်သလို့ ဖြစ်ခဲ့ပါတယ်။ ဒိ့အတွက်အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက် အော်စတင်ဟာ တရုတ်ကာကွယ်ရေးဝန်ကြီးနဲ့ တွေ့မယ်လို့  ပင်တဂွန်စစ်ဌာနချုပ်က မေလ (၂၄)ရက်နေ့က ကြေညာခဲ့ပါတယ်။

စင်ကာပူမှာ  မေလ ၃၁ ရက်ကနေ  ဇွန်လ ၂ ရက်နေ့အထိ ကျင်းပမယ့် Shangri-La Dialogue မှာ တရုတ်ရေတပ်ဗိုလ်ချုပ်ကြီးဒေါင်ဂျွန်း နဲ့ အော်စတင်တို့ တွေကြမှာ ဖြစ်တယ် ပင်တဂွန်စစ်ဌာနချုပ်က ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။

မကြာသေးတဲ့ မေ ၂၃၊ ၂၄ ရက်တွေက တရုတ်ဟာ ထိုင်ဝမ်ကို စစ်သင်္ဘောတွေ၊ တိုက်လေယာဉ်တွေနဲ့ ဝန်းရံပိတ်ဆို့ပြီး ကျွန်းသိမ်းစစ်ရေး လေ့ကျင့်မှု တစ်ခု လုပ်ခဲ့တာ ဖြစ်ပါတယ်။

Ref: Reuters

ပုံစာ။ လွိုက် အော်စတင် နဲ့ ဒေါင်ဂျွန်း

Feature Image Credit: AP, Reuters

Visited 5 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *