ဘေကျင်း၊ စက်တင်ဘာ ၂၁
တရုတ်ရေတပ်ဟာ လေယာဥ်တင်သင်္ဘောပေါ်ကနေ လေယာဉ်တွေ ပျံသန်းဖို့အတွက် ပညာတတ် ဘွဲ့ရ ကျောင်းသားတွေကို အလုပ်ခန့်ပြီး သူတို့ လေတပ်သားတွေရဲ့ အရည်အချင်းကို မြှင့်ဖို့ ကြိုးစားနေတယ်လို့ သိရပါတယ်။
စစ်သင်္ဘောတွေရဲ့ ဟာ့ဒ်ဝဲတွေ၊ စစ်လေယာဉ်တွေအထိ ကိုင်တွယ်နိုင်ဖို့ အဆင့်မြှင့်ကျွမ်းကျင်တဲ့သူတွေ တရုတ်စစ်တပ်မှာ လိုအပ်ချက်ရှိနေတာမို့ ပညာတတ် တပ်သားသစ်တွေ အလိုရှိနေတာ ဖြစ်တယ်လို့ ပြော ပါတယ်။
တရုတ်ဆိုရှယ်မီဒီယာပလက်ဖောင်း ဖြစ်တဲ့ WeChat က ကြော်ငြာတစ်ခုမှာ တရုတ်ရဲ့ တိုးပွားလာတဲ့ စစ်သ င်္ဘောတွေ အပါအဝင် သင်္ဘောပေါ်ကနေ လေယာဉ်တွေကို မောင်းနှင်ဖို့ သိပ္ပံနဲ့ အင်ဂျင်နီယာမဟာဘွဲ့ ရထားတဲ့ ဘွဲ့ရကျောင်းသား တွေ ကို အလိုရှိတယ်လို့ ဖော်ပြထားပါတယ်။ အသက် ၂၆ နှစ်အောက် ဖြစ်ရမယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင် ဘွဲ့ရကျောင်းသားတွေကို ရှာဖွေနေကြရတဲ့အကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရေတပ်ရဲ့ ပြောခွင့်ရ သူက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်၂၀၂၂မှာတော့ အသက် ၂၄နှစ်အောက်ရှိတဲ့ ဘွဲ့ကြိုကျောင်းသားကိုသာ လျှောက်ထားခွင့်ပြုခဲ့ပါတယ်။ အခု့တော့ အသက်ကန့်သတ်ချက်ကို လျှောချပေးလိုက်တာလည်း ဖြစ်ပါတယ်။
“အရည်အသွေးမြင့် စစ်ဘက်ဆိုင်ရာ အရည်အချင်းတွေ တနေ့တခြား ပိုလိုအပ်လာပါတယ်” ဆိုပြီးလည်း ပြည်သူ့လွတ် မြောက်ရေး တပ်မတော် ရေတပ်က စက်တင်ဘာ ၂၀ ရက် ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တဲ့ ကြေငြာချက်တစ်ခုမှာလည်း ထုတ်ဖော်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters/wk
ပုံစာအညွှန်း။ စစ်လက်နက်ပစ္စည်း မော်ဒယ်တွေကို ဧရာမစခရင်ကြီးနဲ့ ဘေကျင်းမြို့က တရုတ်ပြည်သူ့တော်လှန်ရေး စစ်ပြတိုက်မှာ ပြသထားပုံ
Feature Image Credit: Reuters/Florence