တရုတ်ရေတပ်က စစ်သင်္ဘောသုံးစင်း ရန်ကုန်ကို ချစ် ကြည်ရေးခရီးအဖြစ် ရောက်ရှိလာ

တရုတ်ပြည်သူ့သမ္မနိုင်ငံရေတပ်က စစ်သင်္ဘောသုံးစင်းဟာနိုဝင်ဘာလ၂၇ရက်က ချစ်ကြည်ရေးခရီးအဖြစ် မြန်မာနိုင်ငံ၊ရန်ကုန်မြို့၊သီလဝါဆိပ်ကမ်းကို ရောက်ရှိလာတယ်လို့ နစကရဲ့သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

တရုတ်ရေတပ်က စစ်သင်္ဘောသုံးစင်းပေါ်မှာ စစ်သည်အင် အား ၇၀၀ ဦးခန့်လိုက်ပါလာပြီး မြန်မာနိုင်ငံအ တွင်းမှာချစ် ကြည်ရေးခရီးလည်ပတ်မှု၊လေ့လာမှုနဲ့နှစ်နိုင်ငံချစ်ကြည် ရေး အားကစားပြိုင်ပွဲတွေ ပြုလုပ်သွားမယ်လို့ နစကရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားခဲ့ပါတယ်။

တချို့သောသတင်းတွေမှာတော့ မြန်မာနိုင်ငံကိုရောက်ရှိလာတဲ့ တရုတ်ရေတပ်က စစ်သင်္ဘောသုံးစင်းဟာ မြန် မာ-တ ရုတ်ရေကြောင်းဆိုင်ရာ ပင်လယ်ပြင်လေ့ကျင့်ခန်းတွေကို ဆောင်ရွက်သွားမယ်လို့ ဖော်ပြထားတာကို တွေ့ရပါတယ်။

ချစ်ကြည်ရေးခရီးအဖြစ် ရန်ကုန်ကို ရောက်ရှိလာတဲ့ တရုတ်စစ်သင်္ဘောတွေကို မြန်မာ့တပ်မတော် (ရေ)က အဆင့်မြင့်အရာရှိကြီးများ၊ တရုတ်-မြန်မာ ချစ်ကြည် ရေးအသင်းအဖွဲ့များ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဆိုင် ရာ သံရုံးနဲ့စစ်သံရုံးတို့က တာဝန်ရှိသူများက ကြိုဆိုခဲ့တယ်လို့ သိရပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *