ပေကျင်း၊ မတ် ၂၇
တရုတ်ဘောလုံးအဖွဲ့ချုပ် (CFA) ဥက္ကဋ္ဌဟောင်း ချန်ရွှီယွမ်ကို လာဘ်ပေးလာဘ်ယူမှုနဲ့ ထောင်ဒဏ်တစ်သက် ချမှတ်လိုက်ကြောင်း မတ်လ ၂၆ရက်က နိုင်ငံပိုင်မီဒီယာမှာ ဖော်ပြခဲ့ပါတယ်။
အခုနှစ် ၂၀၂၄ ဇန်နဝါရီလမှာ ချန်ရွှီယွမ်က စုစုပေါင်း ယွမ် ၈၁ သန်း (ဒေါ်လာ ၁၁ဒသမ၂ သန်း၊) လာဘ်ယူခဲ့မိလို့ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။
သမ္မတ ရှီကျင်းပင် ဦးဆောင်တဲ့ အကျင့်ပျက်ခြစားမှု တိုက်ဖျက်ဖြိုခွင်းရေးအဖွဲက အားကစား၊ ဘဏ်လုပ်ငန်းနဲ့ စစ်တပ်ကို စောင့်ကြည့်ခဲ့ပါတယ်။
ဒါ့အပြင် သတင်းထွက်ခဲ့တဲ့ဘောလုံးလောကမှာတော့ နည်းပြတွေနဲ့ ကစားသမား တစ်ဒါဇင်ကျော်ကို စုံစမ်းစစ်ဆေးခဲ့တာ ဖြစ်ပါတယ်။
စုံစမ်းစစ်ဆေးတာတွေ ပြီးသွားတဲ့နောက်မှာတော့ ချန်ဟာ ပရောဂျက်စာချုပ်တွေ ချုပ်ဆို့ဖို့နဲ့ အားကစားပွဲတွေ စီစဉ်ဖို့ စတဲ့ ကိစ္စတွေမှာ ငွေကြေးအပါအဝင် တန်ဖိုးကြီးတဲ့ လဒ်ထိုးပစ္စည်းတွေ လက်ခံ ရယူခဲ့တာ ပေါ်ပေါက်ခဲ့တယ်လို့ အစိုးရရှေ့နေတွေက ပြောပါတယ်။
တရားရုံးရဲ့ စီရင်ချက်မှာတော့ ချန်ရွှီယွမ်ဟာ တရုတ်နိုင်ငံ ဘောလုံးလောကအတွက် ကြီးမားတဲ့ ပျက်စီးဆုံးရှုံးမှုကို ယူဆောင်လာခဲ့သူ ဖြစ်တယ်လို့ နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဖော်ပြခဲ့ပါတယ်.။
အလားတူ အကျင့်ပျက်ခြစားမှုနဲ့ တခြားဘောလုံးအဖွဲ့ချုပ်ထဲက အကြီးတန်းအရာရှိ သုံးယောက်ကိုလည်း မတ်လ ၂၆ အင်္ဂါနေ့မှာ ထောင်ဒဏ် ရှစ်နှစ် ကနေ ၁၄ နှစ်အထိ ချမှတ်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ပါတယ်။
သမ္မတ ရှီကျင်းဖျင်က တရုတ်ဘောလုံးလောကကို နိုင်ငံတကာဝင်ဆန့်စေချင်ကြောင်း၊ တစ်နေ့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ်ကျင်းပဖို့၊ တရုတ်အသင်းအနေဲ့ ကမ္ဘာ့ဖလားဆုကို ဆွတ်ခူးနိုင်ဖို့ စတဲ့ သူရဲ့ ဆန္ဒရည်မှန်းချက်သုံးခုကို ထုတ်ဖော်ပြောဆိုခဲ့ပြီးလည်း ဖြစ်ပါတယ်။
Ref: BBC
ပုံစာ။ ဥက္ကဌဟောင်း ချန်ရွှီယွမ် ကို တွေ့ရပုံ
Feature Image credit: Getty Images



