တရုတ်ပြည်တွင်းခရီးသွားလုပ်ငန်းက ကိုဗစ်အကြို ကာလထက် ပိုမြင့်တက်လာ

မေဒေးနေ့ ပိတ်ရက်မှာ ခရီးသွားလာနေကြတဲ့ တရုတ်လူမျိုးများ
Photo Credit: GETTY IMAGES

ဘေကျင်း၊ မေ ၅

တရုတ်နိုင်ငံရဲ့  ပြည်တွင်းခရီးသွားလုပ်ငန်းဟာ  မေလဆန်းရဲ့ မေဒေးနေ့အားလပ်ရက် ငါးရက်တာ ထဲမှာ အလျှင်အမြန် မြင့် တက်ခဲ့ပြီး ကိန်းဂဏန်းတွေတိုင်းတာပြရရင်  ကူးစက်ရောဂါအကြိုကာလတွေကထက်ကို ပိုပြီး မြင့်တက်လာတာ ဖြစ် တယ်လို့ တရုတ်နိုင်ငံ ခရီးသွားလာရေး ဝန်ကြီးဌာနက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

အားလပ်ရက်ကာလအတောအတွင်း ပြည်တွင်း ခရီးသွား ၂၇၄ သန်းနီးပါးက  ခရီးစဉ်တွေ အသီးသီး သွားလာခဲ့ တယ်လို့ သိရပါတယ်။

အခု ကိန်းဂဏန်းတွေဟာ ကိုဗစ်ကပ်ရောဂါ  မဖြစ်မီ နိုင်ငံတစ်ဝှမ်း အသွားအလာ ပိတ်ဆို့မှုတွေ မလုပ်သေးခင် ၂၀၁၉ခုနှစ် ကထက် ၂၀ရာခိုင်နူန်း နီးပါးမြင့်တက်ခဲ့တာလို့လည်း  ဝန်ကြီးဌာနက  သတင်းထုတ်ပြန်ပါတယ်။

တရားဝင်ကိန်းဂဏန်းတွေအရ ခရီးသွားတွေဟာ အဆိုပါကာလထဲမှာ ဒေါ်လာ ၂၁ ဘီလီယံ (ပေါင် ၁၆.၇ ဘီလျံ) သုံးစွဲခဲ့ပြီး၊ အရင်နှစ်  အလားတူအချိန်ထက် နှစ်ဆပိုများတဲ့ အကြောင်းလည်း ထည့်ပြီး ဖော်ပြထားပါတယ်။

“ဒါဟာ တရုတ်နိုင်ငံ ခရီးသွားကဏ္ဍရဲ့ အချိုးအကွေ့တစ်ခုအဖြစ် ရှုမြင်နိုင်ပါတယ်။ စျေးကွက်စွမ်းဆောင်ရည်ဟာ ၂၀၁၉ တုန်းက အဆင့်ကို အမှန်တကယ်ပြန်ရောက်နေပါပြီ” လို့လည်း  China Tourism Academy ရဲ့  ဥက္ကဋ္ဌ ဒိုင်ဘင်းက က နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာကို ပြောဆိုခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ မေဒေးအားလပ်ရက် တွေဟာ တရုတ်နိုင်ငံရဲ့  အရေးကြီးဆုံး အမျိုးသားရုံးပိတ်ရက်တွေထဲက တစ်ခုလို့ လည်း သိရပါတယ်။

Ref: BBC

Cover Photo Credit: ALIZILA

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *