ဝါရင့်သံတမန် ဝမ်ယီဦးဆောင်တဲ့ တရုတ် ထိပ်တန်းကိုယ်စားလှယ်အဖွဲ့နဲ့ အိမ် ဖြူတော်အကြံပေးဂျိတ်ခ်ဆူလီဗန်ဦးဆောင်တဲ့အမေရိကန်ထိပ်တန်းကိုယ်စားလှယ်အ ဖွဲ့ဟာ ဩစတြီးယားနိုင်ငံ ဗီယင်နာမြို့ တော်မှာ လွန်ခဲ့တဲ့မေ ၁၀ရက်နဲ့ ၁၁ ရက်က ရှောင်တခင်တွေ့ဆုံကြတယ်။
တရုတ်နဲ့အမေရိကန်ပြည်ထောင်စုနှစ်နိုင်ငံအကြားထိုင်ဝမ်အရေးကိုအကြောင်းပြုပြီးတော့ သံတမန်ဆက်ဆံရေးတင်းမာမှု အထွတ်အထိပ်ကို ရောက်နေချိန်မှာ အဲဒီ ထိပ်တန်းကိုယ်စားလှယ်နှစ်ဖွဲ့ ဆိုင်းမဆင့် ဗုံမဆင့် တွေ့ဆုံကြတာဖြစ်တယ်။
သံတမန်ဝမ်ယီက တရုတ်သမ္မတ ရှီကျင့် ဖျင်ရဲ့ လက်ရုံးတစ်ဆူဖြစ်သလို ဂျိတ်ခ်ဆူ လီဗန်ကလည်း အမေရိကန်သမ္မတ ဂျိုးဘိုင် ဒင်ရဲ့အထူးအားကိုးယုံကြည်ရသူဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ဦးဆောင်တဲ့ နှစ် ဖက်ကိုယ်စားလှယ်အဖွဲ့ရဲ့ ဆွေးနွေးမှု ရလဒ်ဟာ သမ္မတနှစ်ဦးတွေ့ဆုံဆွေးနွေး ရာက ပေါ်ထွက်လာနိုင်တဲ့ ရလဒ် လောက်နီးနီး အကျိုးသက်ရောက်လိမ့် မယ်လို့ လေ့လာသူတွေဖက်က ယူဆပါ တယ်။
ပြီးတော့ဆွေနွေးကြတယ်ဆိုတာကလည်း နှစ်ရက်မှာ ရှစ်နာရီတောင်ကြာမြင့်တယ် ဆိုတော့နှစ်နိုင်ငံဆက်ဆံရေးနဲ့ပတ်သက်ပြီး အလွန်လေးလေးနက်နက် ရှိလိမ့်မယ်လို့ အများစုကထင်မြင်ယူဆတယ်။
နောက်မှာဗီယင်နာဆွေးနွေးပွဲကျင်းပခဲ့တာလို့ဆိုပါတယ်။
နှစ်နိုင်ငံကိုယ်စားလှယ်တွေဟာ သံတမန် ဆက်ဆံရေးပြန်လည်တည်ငြိမ်ကောင်းမွန်လာစေဖို့ရာ အတွင်းကျကျ လေးနက်စွာ ဆွေးနွေးခဲ့ကြတယ်လို့ မေ၁၂ရက်မှာ ဝါရှင်တန်ဒီစီအခြေစိုက် တရုတ်သံရုံးက ထုတ်ပြန်ကြေညာတယ်။
Ref: Aljazeera Photo: CGTN