မော်စကို၊ နိုဝင်ဘာ ၉
သမ္မတ ဗလာဒီမာပူတင်ဟာ တရုတ်ထိပ်တန်းဗိုလ်ချုပ်ကြီးတစ်ဦးနဲ့ ရုရှားနိုင်ငံ မော်စကိုမှာ တွေ့ဆုံခဲ့အပြီး အရေးကြီးတဲ့ နည်းပညာမြင့် စစ်ရေး ပူးပေါင်းဆောင်ရွက်မှုကို နိုဝင်ဘာ ၈ ရက် ဗုဒ္ဓဟူးနေ့က ချီးကျူးဂုဏ်ပြုစကားပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ရုရှာနဲ့ တရုတ်တို့ဟာ နှစ်နိုင်ငံ အကန့်သတ်မဲ့ ပူးပေါင်းဆောင်ရွက်ရေးကို သဘောတူခဲ့ပြီး ရက်မကြာခင်မှာပဲ ရုရှားက ယူကရိန်း ကို စစ်တပ်တွေ လွတ်ပြီး စတင် ကျူးကျော်စစ်ကိုတိုက်ခိုက်ခဲ့ပါတယ်။ဒီစစ်ပွဲဟာ ဒုတိယ ကမ္ဘာစစ်နောက်ပိုင်း ဥရောပမှာ အသေအပျောက်အများဆုံး ဖြစ်လာခဲ့ပါတယ်။
တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂျောင် ယူရှ နဲ့ ရုရှားကာကွယ်ရေးဝန်ကြီး ဆာဂီ ရှုက်ဂူး တို့ရဲ့ ချစ်ခင်စွာတွေ့ဆုံဆွေးနွေးခဲ့ကြတာနဲ့ ပတ်သက်ပြီး သမ္မတပူတင်က ဂုဏ်ပြုဆုမွန်တောင်းခဲ့သလို နှစ်နိုင်ငံ ခေါင်းဆောင် တွေဟာ ကောင်းသောချစ်ကြည်ရင်းနှီးမှုနဲ့ လုပ်ငန်းခွင်ဆက်ဆံရေးကို ဖော်ဆောင်နိုင် ခဲ့ကြတယ်လို့ဆိုပါတယ်။
“ရုရှားနှင့် တရုတ်တို့ဟာ စစ်အေးတိုက်ပွဲလမ်းကြောင်းတလျှောက် စစ်ရေးမဟာမိတ်တွေ မဖြစ်ခဲ့ကြပေမယ့် ဒီနေ့ ရုရှား-တရုတ်ဆက်ဆံရေးက ကမ္ဘာကြီးအတွက် တည်ငြိမ်တဲ့ အင်အားစုဖြစ်လာတယ်လို့ လည်း သမ္မတ ပူတင်က ပြောဆိုခဲ့ပါ တယ်။
အမေရိကန်ပြည်ထောင်စုဘက်က တရုတ်နိုင်ငံကို သူတို့ရဲ့ အကြီးမားဆုံးပြိုင်ဘက်အဖြစ် သတ်မှတ်ပြီး ရုရှားကို တော့ အကြီးမားဆုံးပြည်နယ် ခြိမ်းခြောက်မှုလုပ်တဲ့ နိုင်ငံတွေ အဖြစ်ရှု့မြင်နေတယ်လို့ သိရပါတယ်။
Ref: Reuters
ပုံစာ။ အောက်တိုဘာ ၁၈ရက်က ခေါင်းဆောင်နှစ်ယောက် ဘေကျင်းမှာ တွေဆုံနေခိုက်
Feature Image Credi: Sputnik/Sergei Guneev/Pool via Reuters)