တရုတ်နဲ့ ဂျပန် ခေါင်းဆောင် နှစ်ယောက် ရှားရှားပါးပါး တွေ့ဆုံမှုကနေ မဟာဗျူဟာမြောက် ဆက်ဆံရေးကို နှစ်ဘက် အတည်ပြု့

ဆန်ဖရန်စ္စကို၊ နိုဝင်ဘာ ၁၈

တရုတ်သမ္မတ  ရှီကျင်းပင်နဲ့ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှီဒါ တို့ အချိန် တစ်နှစ်အတွင်း ပထမဆုံး မျက်နှာချင်းဆိုင် ဆွေးနွေး ခဲ့ပြီး  နှစ်ဦးနှစ်ဖက် အကျိုးရှိမယ့်  ဆက်ဆံရေးကို အကောင်အထည်ဖော်ဖို့ ကတိပြုခဲ့ကြကာ အာရှရဲ့  စီးပွားရေး အင်အား အကြီးဆုံး နှစ်နိုင်ငံကြားက တင်းမာတဲ့ ဆက်ဆံရေးကို မြှင့်တင်ဖို့ ကြိုးစားခဲ့ကြတယ်လို့ သိရပါတယ်။

နှစ်နိုင်ငံခေါင်းဆောင်တွေဟာ  အမေရိကန်နိုင်ငံ  ဆန်ဖရန်စစ္စကိုမှာကျင်းပခဲ့တဲ့ APEC ထိပ်သီးအစည်းအဝေးကာလ တွေထဲ ကမှ  နိုဝင်ဘာ ၁၆ရက် ကြာသပတေးနေ့ညနေ့မှာ  တရုတ်နိုင်ငံက ထိန်းသိမ်းခံထားရတဲ့  ဂျပန်စီးပွားရေးလုပ်ငန်းရှင် တစ် ယောက် ရဲ့  ကိစ္စရပ်တွေကို  ဆွေးနွေးခဲ့ကြပါတယ်။

နိုင်ငံတွေဟာ  “ဘုံအကျိုးစီးပွားကို အာရုံစိုက်သင့်သလို အပြန်အလှန်အကျိုးအမြတ်အတွက် မဟာဗျူဟာမြောက် ဆက်ဆံ ရေး ကို ပြန်လည်အတည်ပြုပြီး အဓိပ္ပာယ်အသစ်တွေ ဖော်ဆောင်သင့်ပါတယ်” လို့  ဂျပန်ဝန်ကြီးချုပ် ရှီဒါက ပြောဆို ဆွေး နွေး ပါတယ်။

 ၂၀၀၈ ခုနှစ် ပူးတွဲထုတ်ပြန်ချက်မှာ ဂျပန်နဲ့တရုတ်တို့ဟာ  လုံခြုံရေး ကိစ္စရပ်တွေမှာ ခေါင်းဆောင်ပိုင်းဆိုင်ရာ  ဖလှယ်မှု တွေ မကြာခဏ ရှိဖို့အတွက် ရေးဆွဲထားတဲ့”ဘုံမဟာဗျူဟာအကျိုးစီးပွားကို အခြေခံတဲ့ အပြန်အလှန်အကျိုးရှိသော ဆက် ဆံရေး” ကို ဆက်လက်လုပ်ဆောင်ဖို့ သဘောတူညီခဲ့ကြတယ်လို့ဆိုပါတယ်။။

ဒါပေမယ့်လည်း  မကြာသေးမီနှစ်တွေထဲမှာ နယ်မြေအငြင်းပွားမှု၊ ကုန်သွယ်ရေးတင်းမာမှုနဲ့ ထိုင်ဝမ်ကို ဘေဂျင်းက ပိုင်တယ်ဆိုပြီး ဆိုခဲ့တဲ့နောက် ကျွန်းစု နယ်မြေအငြင်းပွားမှုတွေကြောင့် တရုတ်နဲ့ ဂျပန် ဆက်ဆံရေးက ကာလတစ်ခု အေးခဲ့သွားကြတာ ဖြစ်ပါတယ်။

Ref: Reuters/cm

ပုံစာ။  တရုတ်နဲ့ ဂျပန် ခေါင်းဆောင် နှစ်ယောက် တွေဆုံနေကြစဥ် (၁၆ နိုဝင်ဘာ၂၀၂၃)

Feature Image CreditREUTERS/Carlos Barria:

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *