တရုတ်နဲ့ ချိတ်ဆက်ထားတဲ့ ကုမ္ပဏီတွေအတွက် ဒေါ်လာ၅ သန်း ခဝါချခဲ့တဲ့  စင်ကာပူကုမ္ပဏီ ဒါရိုက်တာကို ထောင်ဒဏ် ချမှတ်

စင်္ကာပူ၊ ဒီဇင်ဘာ ၂၁

စင်္ကာပူနိုင်ငံသားတစ်ဦးဟာ  တရုတ်ဖောက်သည်တွေအတွက်  စင်ကာပူမှာ ငွေကြေးခဝါချဖို့ရာ ကုမ္ပဏီတွေ တည် ထောင် ရာမှာ ကူညီခဲ့တဲ့ အတွက်   ထောင်ဒဏ်ချမှတ်လိုက်တယ်လို့  သိရပါတယ်။

ပစ်ဒဏ်ချခံရတဲ့ သူက တရုတ်ဖေါက်သည်တွေကို စင်္ကာပူမှာ ကုမ္ပဏီတွေတည်ထောင်ဖို့ ကူညီလုပ်ကိုင်ပေးခဲ့ရင်း ကုမ္ပဏီ ပေါင်း ၉၈၀ ရဲ့ ဒါရိုက်တာဖြစ်လာခဲ့ပါတယ်။ ဒိနောက်တော့ သူဟာ သူလက်အောက်က ကုမ္ပဏီတချို့ ကနေ တစ်ဆင့် အမေ ရိကန်ဒေါ်လာ ၅ သန်းကျော်( စင်္ကာပူဒေါ်လာ ၇ဒသမ၃သန်း) ကျော်ခဝါချခဲ့တာ ကို စစ်ဆေး တွေ့ရှိခဲ့တယ်လို့ ရုံးတော်က ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ် စင်္ကာပူနိုင်ငံသား ရှီရောင်း ကို ဒီဇင်ဘာလ ၁၈ရက် တနင်္လာနေ့ မှာ တရားရုံးတော်က ထောင်ဒဏ် လေးပတ်နဲ့  ဒဏ်ငွေ စင်ကာပူဒေါ်လာ ၅၇,၀၀၀ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

 အဲလက်စ် လို့လည်းလူသိများတဲ့ ရှီကို ထပ်တိုးပစ်ဒဏ်အနေနဲ့  ဒါရိုက်တာလုပ်ခွင့် ငါးနှစ် ပိတ်ပင်တဲ့ ပစ်ဒဏ်ကို ပါ ချမှတ် ခဲ့ပါတယ်။

ပရော်ဖက်ရှင်နယ်စာရင်းကိုင်ပညာရပ်နဲ့ မဟာဘွဲ့ရရှိထားတဲ့ ရှီဟာ  Tox Technology  လို့ ခေါ်တဲ့ ကုမ္ပဏီတစ်ခုကို ၂၀၁၃ မှာ  တည်ထောင်ခဲ့ပြီး နောက်ပိုင်းမှာတော့  DD Corporate Services ဆိုပြီး  နာမည်ပြောင်းသွားတယ်လို့လည်း  တရားရုံးက ကြားနာခဲ့ပါတယ်။

Ref: CNA

ပုံစာစင်္ကာပူ တရားရုံးတော်ကို တွေ့ရပုံ

Feature Image Credit; CNA/Jeremy Long)

Visited 11 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *