တရုတ်နဲ့ ကမ္ဘောဒီးယားစစ်တပ်တို့ အကြမ်းဖက်တိုက်ဖျက်ရေး စစ်ဆင်ရေး ပူးတွဲလေ့ကျင့်

ဖနွမ်ပင်၊ မေ ၁၃

ကမ္ဘောဒီးယားနဲ့ တရုတ်နိုင်ငံတို့ကြား’ ပူးပေါင်းဆောင်ရွက်မှု အားကောင်းစေဖို့နဲ့  စစ်ရေးအတွေ့အကြုံတွေ ဖလှယ်ဖို့ရာအတွက် အခုသီတင်းပတ်ထဲ နှစ်စဉ်ပြုလုပ်လေ့ရှိတဲ့ ရွှေနဂါးလို့ အမည်ရတဲ့ စစ်ရေးလေ့ကျင့်မှုကို စတင်ခဲ့တယ်လို့ ကမ္ဘောဒီးယားအရာရှိတစ်ဦးက တနင်္လာနေ့ (မေလ ၁၃ ရက်)က ပြောဆိုလိုက်ပါတယ်။

၁၅ရက်ကြာလေ့ကျင့်မှုမှာ ကမ္ဘောဒီးယားနိုင်ငံက  စစ်သည် ၁၃၁၅ ယောက် တရုတ်နိုင်ငံက ၇၆၀ယောက်  ပါဝင်မှာဖြစ်ပြီး  စစ်ရေးလေ့ကျင့်မှုကာလမှာ တရုတ်စစ်သင်္ဘော ၃ စင်းနဲ့ ကမ္ဘောဒီးယားသင်္ဘော ၁၁ စင်းတို့ ပါဝင်မှာ ဖြစ်တယ်လို့  ကမ္ဘောဒီးယားစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ကြီး သောင်ဆိုလီမိုက သတင်းထောက်တွေကို ပြောဆို ခဲ့ပါတယ်။

 ကြာသပတေးနေ့ ကတည်းက စခဲ့တဲ့ အဲ့ဒိ  စစ်ရေးလေ့ကျင့်မှုဟာ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ဖို့ဖြစ်ပြီး ဒီလေ့ကျင့်မှုဟာ   နှစ်နိုင်ငံစလုံးအတွက်သာမက ဒေသတွင်းက လူသားချင်းစာနာမှုဆိုင်ရာ ကယ်ဆယ်ရေးတွေကို  ထောက်ပံ့ပေးဖို့ အထိ  ရည်ရွယ်ထားတယ်လို့လည်း ဗိုလ်ချုပ်ကြီးက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

 Ref: AP

ပုံစာ။ ကမ္ဘောဒီယား တပ်ဖွဲ့ဝင်တွေကို တွေ့ရပုံ

Feature Image Credit: File photo: AFP/Tang Chhin Sothy)

Visited 12 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *