တရုတ်နဲ့ပတ်သက်တဲ့ စိုးရိမ်မှုတွေ ကြီးထွားလာတာနဲ့အမျှ အမေရိကန်-ဗီယက်နမ် ဆက်ဆံရေး ပိုပြီး နက်ရှိုင်းလာနေ

အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်ကို နဲ့ ဗီယက်နမ်ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုရင် ဖူ တရောင်းနဲ့အတူ  ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၀ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ မှာ တွေ့ရပုံ
Photo Credit:  AFP/Saul Loeb

ဟနွိုင်း၊ စက်တင်ဘာ၁၀

တောင်တရုတ်ပင်လယ်မှာ တရုတ်ရဲ့ ခြိမ်းခြောက်မှုတွေ ပိုပြီး စိုးရိမ်စရာ ဖြစ်လာတဲ့ အချိန်မှာပဲ နှစ်နိုင်ငံပူးပေါင်းဆောင်ရွက် မှုက ပိုနက်ရှိုင်းလာဖို့ သဘောတူညီထားပြီး ဗီယက်နမ်နဲ့ ပိုမိုနီးကပ်တဲ့ ဆက်ဆံရေးရှိနေတယ်လို့  အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒန်က စက်တင်ဘာ ၁၀ ရက်နေ့က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။ ဒါဟာ တရုတ်ကို ကို ထိန်းချုပ်ဖို့ ရည်ရွယ်တာ မဟုတ်ဘူး’လို့လည်း အမေရိကန်သမ္မတ ဘိုင်ဒန်က ပြောပါတယ်။

ဟနွိုင်းနဲ့  “ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး” ဟာ ဘေကျင်းရဲ့သြဇာလွှမ်းမိုးမှု မြင့်တက်လာ ချိန်မှာ  အာရှ နဲ့ ပစိ ဖိတ်ဒေသတစ်ဝိုက်မှာရှိတဲ့  အမေရိကန်ရဲ့ မဟာမိတ်ကွန်ရက်ကို အားကောင်းလာစေဖို့ လုပ်ဆောင်နေတဲ့  ဝါရှင်တန် ရဲ့ တစ်စိတ်တစ်ပိုင်း တစ်ခုလည်း ဖြစ်တယ်လို့ လည်း ဆိုပါတယ်။

“အခုဖြစ်နေတဲ့ အရာတွေထဲက တစ်ခုက တရုတ်ဟာ ကုန်သွယ်ရေးနဲ့ တခြားကိစ္စတွေမှာ ဂိမ်းစည်းမျဉ်းအချို့ကို စတင် ပြောင်း လဲနေပြီဖြစ်ပါတယ်” ဟု Biden က ပြောကြားခဲ့သည်။

တစ်ဆက်တည်း ဝါရှင်တန်ဟာ  အိန္ဒိယ၊ သြစတြေးလျ၊ ဂျပန်၊ ဗြိတိန် အပါအဝင်  အင်ဒို-ပစိဖိတ် မဟာဗျူဟာရဲ့ တစ်စိတ် တစ်ပိုင်းအဖြစ်  မဟာမိတ်တွေတည်ဆောက်ရာမှာ ကြီးကြီးမားမား ရင်းနှီးမြှုပ်နှံထားတာလည်း ဖြစ်ပါတယ်။

“တရုတ်ကို ချုပ်ကိုင်မထားချင်ဘူး။ နှစ်ဘက် အလျှော့အတင်းရှိတဲ့ ဆက်ဆံရေးမျိုးကိုပဲလို့ချင်တာ” ဆိုပြီး ဗီယက်နမ် နိုင်ငံ ကို အလည်အပတ် ရောက်နေတဲ့ သမ္မ ဂျိုး ဘိုင်ဒန်က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။

Ref:AFP

Leave a Reply

Your email address will not be published. Required fields are marked *