တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်း ချီချီဟာ မြို့မှာကျောင်းအားကစားရုံပြိုကျ ကလေး (၁၁)ဦးသေဆုံး

ဇူလိုင် ၂၃ရက် ဒေသစံတော်ချိန် နေ့ လယ် ၃နာရီလောက်မှာ တရုတ်နိုင်ငံ အရှေ့မြောက်ပိုင်းဟေလုံကျိုင်းပြည်နယ် ချီချီဟာမြို့က ကျောင်းအားကစားရုံ ပြိုကျမှု ဖြစ်ပွါးလို့ ကလေး(၁၁)ဦးသေဆုံးခဲ့တယ်။

အားကစားရုံရဲ့အမိုးပြိုကျခဲ့တာဖြစ်ပြီး အပျက်အစီးတွေအောက်မှာ လူပေါင်း ၁၉ ဦးပိတ်မိနေခဲ့လို့ ဒေသခံမီးသတ်နဲ့ ကယ် ဆယ်ရေးအဖွဲ့ဝင်တွေ အခင်းဖြစ်နေရာကို ချက်ခြင်းရောက်လာပြီး ကယ်ဆယ်ကြ တော့ လူ (၁၅)ဦးကို ခဲခဲယဉ်းယဉ်း ဆွဲ ထုတ်ယူနိုင်ခဲ့တယ်။

အဲဒီထဲက ၄ဦးပဲအသက်ရှင်ပြီး ၁၁ဦး သေ ဆုံးတယ်လို့ ချီချီဟာရဲတပ်ဖွဲ့က ဇူလိုင်၂၄ မှာ အတည်ပြုတယ်။အားကစားရုံဆောက် လုပ်ခဲ့တဲ့ကုမ္ပဏီကတာဝန်ရှိသူတစ်ဦးကို ရဲကဖမ်းပြီး အရေးယူဖို့ စီစဉ်နေတယ်။

မိုးရေစိမ့်ဝင်လို့ ဆွေးမြေ့နေတဲ့ အမိုးကို ပြုပြင်ဖို့ သတိမထားမိခဲ့ရာကနေ ပြိုကျမှု ဖြစ်ပွါးခဲ့တာလို့ ဆိုတယ်။

Ref: BBC

Leave a Reply

Your email address will not be published. Required fields are marked *