ပေကျင်း၊ ဇူလိုင် ၃
တရုတ်နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မိုးသက်မုန်တိုင်းတွေ တိုက်ခတ်နေလို့ ယန်စီနဲ့ အခြားမြစ်တွေ စိုးရိမ်ရေမှတ်ကျော်သွားပြီး မြစ်ရေလျံကျလာလို့ လူတစ်သန်းရဲ့လေးပုံတစ်ပုံနီးပါး ဘေးလွတ်ရာကို ရွှေ့ပြောင်းခဲ့ရတယ်လို့ နိုင်ငံပိုင်မီဒီယာက ဇူလိုင် ၃ ရက်မှာ ဖော်ပြလိုက်ပါတယ်။
တရုတ်နိုင်ငံဟာ မကြာသေးတဲ့ လတွေမှာ မိုးသည်းထန်တာ၊ အပူလှိုင်းဖြတ်တာ စတဲ့ ပြင်းထန်တဲ့ ရာသီဥတုအခြေအနေတွေကို ကြံ့ကြံ့ခံရင်ဆိုင်နေရတာလည်း ဖြစ်ပါတယ်။
မုန်တိုင်းကြောင့် အွန်ဟွေးပြည်နယ်မှာ နေထိုင်သူ ၉၉၁၀၀၀ ကို ထိခိုက်ခဲ့ပြီး ဇူလိုင် ၂ရက် အင်္ဂါနေ့မွန်းလွဲပိုင်းမှာ လူပေါင်း ၂၄၂၀၀၀ ကို ဘေးလွတ်ရာ ရွှေ့ပြောင်းစေခဲ့တယ်လို့ နိုင်ငံပိုင်သတင်းဌာန ဆင်ဟွာက ပြောပါတယ်။
” အင်္ဂါနေ့ညနေ ၄ နာရီအထိ အန်ဟွေး က စီရင်စုအဆင့်မြို့ ၇မြို့နဲ့ ခရိုင် ၃၆ ခရိုင်မှာ မိုးသက်မုန်တိုင်းတွေ ကျခဲ့တာ” လို့ ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုဌာနရဲ့ ထုတ်ပြန်ချက်ကိုကိုးကားပြီး ဆင်ဟွာသတင်းက ဖော်ပြပါတယ်။
တရုတ်နိုင်ငံရဲ့ အရှည်ဆုံးမြစ်ဖြစ်တဲ့ ယန်စီမြစ်ဟာ ရေပမာဏ သတိပေးချက်အမှတ်ထက် ကျော်လွန်နေပြီး ဆက်လက်မြင့်တက်နေတယ်လို့လည်း သိရပါတယ်။
Ref: AFP
ပုံစာ။ မြို့ထဲရေလျှံနေတဲ့မြင်ကွင်း တစ်ခု
Feature Image Credit: STR/CNS/AFP



