နန်ကျင်း၊ ဖေဖေါ်ဝါရီ ၂၄
တရုတ်နိုင်ငံအရှေ့ပိုင်း နန်ကျင်းမြို့က လူနေအဆောက်အအုံတစ်ခု မီးလောင်ခဲ့ရာက အနည်းဆုံး လူ ၁၅ ယောက် သေဆုံးပြီး ၄၄ ဦး ဒဏ်ရာရရှိခဲ့တဲ့ကြောင်း ဒေသဆိုင်ရာ အာဏာပိုင်တွေက ဖေဖော်ဝါရီ ၂၄ ရက် စနေနေ့မှာ သတင်း ထုတ်ပြန်လိုက်ပါတယ်။
မီးလောင်မှုဟာ သောကြာနေ့ မနက်အစောပိုင်းက ဖြစ်ပွားခဲ့တာဖြစ်ပြီး လျှပ်စစ်ဆိုင်ကယ်တွေ ထားတဲ့ အဆောက်အဦရဲ့ ပထမထပ်မှာ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်တယ်လို့ ပဏာမစုံစမ်းစစ်ဆေးမှုတွေနဲ့ သတင်းစာရှင်းလင်းပွဲမှာ တာဝန်ရှိသူတွေက ပြောပါတယ်။
အဆောက်အအုံဟာ ရှန်ဟိုင်းမြို့အနောက်မြောက်ဘက် ကီလိုမီတာ ၂၆၀ ခန့်အကွာက လူရှစ်သန်းကျော်နေထိုင်တဲ့ နန်ကျင်းမြို့ ယူဟွတိုင် ခရိုင်မှာ ရှိတာ ဖြစ်ပါတယ်။
နံနက် ၆ နာရီ (ဂရင်းနစ်စံတော်ချိန် ၁၀ နာရီ) မှာ မီးငြှိမ်းသတ်နိုင်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းတွေကတော့ သောကြာနေ့ မွန်းလွဲ ၂ နာရီဝန်းကျင်မှာ ပြီးဆုံးခဲ့တယ်အာဏာပိုင်တွေက ပြောပါတယ်။
မီးငြှိမ်းသတ်ဖို့ မီးသတ်ကား နှစ်ဆယ့်ငါးစီးကို သုံးခဲ့ ရတယ်လို့လည်း အရေးပေါ်ဌာနက သတင်းတွေအရ သိရပါတယ်။
တရုတ်လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယိုဖိုင်တစ်ခုမှာတော့ ညသန်းခေါင်အချိန် မီးလောင်ကျွမ်းနေတဲ့ မိုးမျှော်တိုက်ကြီးကနေ အနက်ရောင်မီးခိုးတွေ ထွက်လာတာကို တွေ့ရတယ်လို့လည်း သိရပါတယ်။
Ref: AFP
ပုံစာ။ မီးလောက်ခဲ့တဲ့ အဆောက်အဦးကို တွေ့ရပုံ
Feature Image credit: AFP



