ဂန်စု(တရုတ်နိုင်ငံ)၊ ဇူလိုင် ၂၆
တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း ဂန်စုပြည်နယ်၊ ရှန်ဒန်ခရိုင်က မဟာဗိမ္မာန်တော်မှာ တည်ထားကိုးကွယ်နေတဲ့ ဧရာမ ဗုဒ္ဓရုပ်ပွားတော်ြီးတစ်ဆူဟာ ပြည်နယ်ထဲမှာ မီးလောင်ကျွမ်းမှု တစ်ခု ဖြစ်ခဲ့ရာက မီးလောင်ပျက်စီးသွား တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ တနင်္လာနေ့ မနက်အစောပိုင်းမှာ မီးတောက်တွေ အပြည့်နဲ့ လောင်ကျွမ်းနေတဲ့ ရှန်ဒန်ခရိုင်က မဟာဗိမာန်တော်မှာ ရုပ်ပွားတော်ကြီးကို မီးခနေတဲ့ ဗီဒီယို လူမှုကွန်ရက်ပေါ်မှာ တစ်စုံတစ်ယောက်ကမျှဝေထားတာကို တွေ့ကြရတာ ဖြစ်ပါ တယ်။
မီးငြှိမ်းသတ်ပြီးတဲ့နောက်မှာတော့ ရုပ်ပွားတော်ကြီးရဲ့ တစ်စိတ်တစ်ပိုင်းက ကျန်နေသေးပေမယ့်လည်း ဘုရားကျောင်း အဆောက်အအုံအများစုကတော့ ပျက်စီးကုန်တယ်လို့ သိရပါတယ်။
ဒီရုပ်တုကို အေဒီ ၄၂၅ ဝန်းကျင်လောက်ကလို့ ယူဆနိုင်တဲ့ ရှေးခေတ်မူရင်းပုံတော်တစ်ခုကိုမှီးပြီး ပုံတူရုပ်ပွားတော်ကြီး အဖြစ် ၁၉၉၈ခုနှစ်မှာ တည်ထားကိုးကွယ်ခဲ့ကြတာလို့ သိရပါတယ်။ မူရင်းရှေးဟောင်းရုပ်ပွားတော်ကတော့ တရုတ်နိုင်ငံရဲ့ ယဉ်ကျေးမှုတော်လှန်ရေးကာလမှာ ပျက်စီးသွားခဲ့တယ်လို ဆိုပါတယ်။
မီးလောင်မှုမှာ ထိခိုက်သေဆုံးတာတွေ မရှိသေးဘူးလို့ ကနဦး သတင်းရရှိထားပြီး မီးလောင်မှုနဲ့ပတ်သက်တဲ့ အကြောင်း ရင်းမြစ်ကိုတော့ စုံစမ်းစစ်ဆေးနေဆဲလို့ သိရှိရကြောင်းပါ။
Ref: BBC
Photo Credit: BBC