ဝါရှင်တန်၊ စက်တင်ဘာ ၁၅
တရုတ်နိုင်ငံရဲ့ ကာကွယ်ရေး ဝန်ကြီး လီ ရှန်ဖူ ကို ဘေကျင်းကနေ ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ အမေရိကန် သတင်းရင်းမြစ်တွေက ပြောပါတယ်။
အကြောင်းက လီ ရှန်ဖူ ဟာ နှစ်ပတ်ကျော် လူမြင်ကွင်းမှာ မတွေ့ရတော့တဲ့နောက် ကာကွယ်ရေးဝန်ကြီးရာထူးနဲ့ ပတ်သက် ပြီး အခု့လို ထင်ကြေးပေးမှုတွေ မြင့်တက်လာတာ ဖြစ်ပါတယ်။
တရုတ်ကာကွယ်ရေးဝန်ကြီးဟာ ဘေကျင်းရဲ့ စုံစမ်းစစ်ဆေးမှုမှာ ပါဝင်နေတယ်လို့ အမေရိကန်အစိုးရက ယုံကြည်နေပြီး သူ့ကို တာဝန်ကနေ အနားပေးလိုက်ပြီလို့လည်း Financial Times က အမေရိကန်ဘက်က သတင်းရင်းမြစ်တွေကို ကိုးကား ပြီး စက်တင်ဘာ ၁၄ ရက် ကြာသပတေးနေ့က ဖော်ပြခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လကလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်းဂျန် ရာထူးက ဖယ်ရှားခံရပြီး ဒါဟာ တရုတ်ရဲ့ နိုင်ငံရေး မတည် ငြိမ်မှုကို ပြတဲ့ လက္ခဏာလို့ အကဲခတ်သူတွေက ဆိုပါတယ်။
လီ တစ်ယောက် တာဝန်တွေကနေ ဖယ်ရှားလိုက်ရပြီလို့ အမေရိကန်က ယုံကြည်ထားတဲ့အကြောင်း အမေရိကန် အရာရှိ သုံးယောက်နဲ့ ထောက်လှမ်းရေး အရာရှိ နှစ်ယောက်တို့က ယူဆပြောဆိုခဲ့တယ်လို့လည်း The Times က ဖော်ပြခဲ့ပါ တယ်။
အိမ်ဖြူတော်က ဒီကိစ္စကို ဒီနေ့အထိတော့လူသိရှင်ကြား ထုတ်ဖော်ပြောဆိုတာ မရှိသေးပါဘူး။
လီဟာ သြဂုတ် ၁၅ ရက်မှာ မော်စကိုမြို့အနီးက ဒေသတစ်ခု့မှာ လုံခြုံရေးကွန်ဖရင့်တစ်ခုတက်ဖို့ ရုရှားနိုင်ငံကို သွား ရောက် ခဲ့ ပါတယ်။ နှစ်ရက်အကြာမှာ ဘီလာရုစ်အစိုးရက လီနဲ့ ဘီလာရုသမ္မတ အလက်ဇန္ဒားလူကာရှန်ကို တွေ့ဆုံခဲ့တဲ့ ဓာတ်ပုံတွေကို ဖော်ပြခဲ့ပါသေးတယ်။
လီ့ ကို လူမြင်းကွင်းမှာ နောက်ဆုံးတွေ ရတာကတော့ သြဂုတ် ၂၉ ရက်က ပေကျင်းမှာ အာဖရိကနိုင်ငံတွေနဲ့ လုပ်တဲ့ လုံခြုံ ရေး ဖိုရမ်တစ်ခုမှာ အဓိကမိန့်ခွန်းပြောခဲ့တဲ့ နေ့ပဲဖြစ်ပါတယ်။
Ref: Agencies/CNA/kg
ပုံစာအညွှန်း။ တရုတ်ကာကွယ်ရေးဝန်ကြီး လီ ရှန်ဖူ ကို ဇွန်လက စင်္ကာပူမှာ တွေ့ရပုံ
Feature Image Credit: AFP/Roslan Rahman)