ကယ်လီဖိုးနီးယား၊ ဩဂုတ် ၄
ကယ်လီဖိုးနီးယားအခြေစိုက် အမေရိကန်ရေတပ်သင်္ဘောသားနှစ်ယောက်ကို အမေရိကန်ရဲ့ စစ်ဖက်ဆိုင်ရာ ထိလွယ် ရှလွယ် စစ်ရေးသတင်းတွေကို တရုတ်နိုင်ငံအတွက် သူလျှိုလုပ်ပြီး ပို့ပေးနေတယ် ဆိုတဲ့ စွဲချက်နဲ့ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။
သူလျိုမှုနဲ့ အဖမ်းခံထားရတဲ့သူက အသက် ၂၂နှစ်အရွယ် အမေရိကန်နိုင်ငံသား ဂျင်ချောင် ဝေ ဖြစ်ပြီး တရုတ် အေးဂျင့် တစ်ယောက်ဆီကို အမေရိကန် နိုင်ငံတော်ကာကွယ်ရေး အချက်အလက်တွေ ပေးပို့မှုနဲ့ စွဲချက်တင် ဖမ်းဆီးလိုက်တာလို့ သိရပါတယ်။
နောက်ထပ် သူလျိုမှုနဲ့ အဖမ်းခံရသူက အရာရှိ ဝမ်ဟန် ဂျောင် ၂၆ နှစ်ဖြစ်ပြီး အရေးကြီး ဓာတ်ပုံနဲ့ ဗီဒီယို တွေအတွက် ငွေကြေး လက်ခံရယူမှု စွဲချက်နဲ့ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။ တူညီမှုကတော့ ဖမ်းဆီးခံ ထားရသူနှစ်ယောက်လုံးက အမေရိကန်နိုင်ငံသား တရုတ်လူမျိူးတွေ ဖြစ်တယ်လို့ သိရပါတယ်။
သူတို့နှစ်ယောက်စလုံး ကယ်လီဖိုးနီးယား ရေတပ်အခြေစိုက်စခန်း ဆန်ဒီရေဂိုမှာပဲ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ ဩဂုတ်လ ၃ရက်က ဖမ်းဆီးခဲ့ရတာလို့ သိရပါတယ်။
ကြာသပတေးနေ့က ဆန်ဒီရေဂိုမှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အစိုးရရှေ့နေတွေက စွဲချက်တွေကို ကြေညာခဲ့ပါတယ်။
ဂျင်ချောင် ဝေဟာ ကုန်းရေနှစ်သွယ် ချေမှုန်းရေး သင်္ဘော USS Essex သင်္ဘောနဲ့ ပတ်သက်တဲ့ အရေးကြီး အချက် အလက် တွေကို ရယူခဲ့တယ်လို့ ရှေ့နေတွေက ပြောပါတယ်။ ဝမ်ဟမ် ဂျောင်ကတော့ အရေးကြီးတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ လျို့ဝှက် ပေးပို့ သူလို့ ပြောဆိုပါတယ်။
ရေကြောင်းလေ့ကျင့်ရေးမှာ ပါတဲ့ အမေရိကန် မရိန်းတပ်သားတွေရဲ့ အသေးစိတ်အချက်အလက် တွေကိုလည်း အေးဂျင့် ဆီကို ဂျင်ချောင် ဝေ က ပိုပေးခဲ့တဲ့အကြောင်း တရားရေးဌာန တာဝန်ရှိသူတွေက ပြောဆို ခဲ့တယ်လို့ သိရပါတယ်။။
တရုတ်နိုင်ငံကတော့ အခု ကိစ္စနဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ ပြောတာမျိုးတော့ မရှိသေးဘူးလို့ သတင်းတွေ က ဖော်ပြ ထားကြပါတယ်။
Ref: BBC
ပုံစာအညွှန်း။ ဆန်ဒီရေဂို မှာ ဆိုက်ကပ်ထားတဲ့ ကုန်းရေနှစ်သွယ် ချေမှုန်းရေး သင်္ဘော USS Essex သင်္ဘော
Feature Image Credit: Getty Images