တရုတ်နိုင်ငံအတွက်၂၀၂၃ခုနှစ်ဟာ အပူဆုံးနှစ်အဖြစ် မှတ်တမ်းဝင်

ရှန်ဟိုင်း၊ ဇန်နဝါရီ ၂

တရုတ်နိုင်ငံရဲ့ ပျမ်းမျှအပူချိန်ဟာ ၂၀၂၃ ခုနှစ် မှတ်တမ်းတွေ အရ အပူဆုံးနှစ်ဖြစ်ခဲ့တယ်လို့ နိုင်ငံပိုင် မီဒီယာက ထုတ် ပြန်ပါတယ်။

ရာသီဥတုပြောင်းလဲမှုကြောင့် ပိုဆိုးရွားလာနေတာ လို့ လည်း  သိပ္ပံပညာရှင်တွေက ပြောပါတယ်။ အပူလှိုင်းဖြတ်တာ၊ မိုးခေါင်တာနဲ့  တောမီးတွေ လောင်တာတွေ အပါအဝင်  ကမ္ဘာတစ်ဝှမ်း မကြုံစဖူး ပြင်းထန်တဲ့  ဖြစ်ရပ်တွေ ဆက်တိုက် ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေရဲ့ နောက်ဆက်တွဲ တစ်စိတ်တစ်ပိုင်းအဖြစ်  တရုတ်နိုင်ငံမှာ စံချိန်တင်အပူချိန်တွေ တိုးလာ ခဲ့တာလို့ မိုးဇလပညာရှင်တွေ က ပြောပါတယ်။

တရုတ်နိုင်ငံရဲ့ ပျမ်းမျှအပူချိန်ဟာ ၂၀၂၂ခုနှစ်မှာ ၁၀ ဒသမ ၇ ဒီဂရီစင်တီဂရိတ်ရှိပြီး ၂၀၂၁ ခုနှစ်တုန်းက ရောက်ခဲ့တဲ့ ၁၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်သွားခဲ့တယ်လို့  နိုင်ငံပိုင်ရုပ်သံဌာန CCTV က ဘေဂျင်း အမျိုးသားရာသီ ဥတု ဗဟိုဌာနကနေ ထုတ်ပြန်တဲ့ အချက်လက်တွေကို ကိုးကားပြီး ပြောပါတယ်။

ထုတ်ပြန်တဲ့ အချက်အလက်တွေထဲမှာ “နိုင်ငံအများစုမှာ အပူချိန်က ၀ ဒသမ ၅ ဒီဂရီစင်တီဂရိတ်ကနေ ၁ ဒီဂရီ စင်တီဂရိတ် အထိ ပိုများနေတယ်” လို့ ဖော်ပြပါရှိပါတယ်။

ဘေဂျင်းဟာ ၂၀၂၃  ဇူလိုင်လမှာ  ၂၇ ရက်ဆက်တိုက် အပူချိန် ၃၅ ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်ခဲ့တဲ့ မှတ်တမ်းဖြစ်ပေါ်ခဲ့တယ်လို့ သိရပါတယ်။

Ref: AFP

ပုံစာ။ အပူဒဏ်ခံနေရတဲ့ ဘေကျင်းက မိသားစု

Feature Image Credit: AP

Visited 17 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *