တရုတ်နိုင်ငံရဲ့ သက်တော်ရှည်သမ္မတ အဖြစ် ရှီကျင့်ဖျင်က တတိယသက်တမ်း နောက်ထပ်ငါးနှစ်ဆက်တာဝန်ယူ

သမ္မတ ရှီကျင့်ဖျင်
Photo Credit: CNBC

ပေကျင်း၊ မတ် ၁၀

တရုတ်နိုင်ငံပေကျင်းက ပြည်သူ့ခန်းမဆောင်ကြီးမှာ ကျင်းပခဲ့တဲ့ အဆုံးအဖြတ်မဲပေးတဲ့ အခမ်းအနား အပြီးထောက်ခံမဲ ၂၉၅၂မဲ ရခဲတဲ့ ရှီကျင့်ဖျင်တစ်ယောက် ၁၉၄၉ခုနှစ် ကွန်မျူနစ်တရုတ်နိုင်ငံ စထူထောင်ခဲ့စဥ်  ကာလကစပြီး သက်တမ်း အရှည် ဆုံးသမ္မတ ဖြစ်လာခဲ့ပါတယ်။

ဒါဟာတရုတ်နိုင်ငံအတွက်မကြုံဖူးသေးတဲ့ အခြေအနေဖြစ်သလို အခုလို ထပ်ပြီးရွေးချယ်ခံရတာမို့  ရှီဟာ တရုတ်နိုင်ငံရဲ့ သမ္မတအနေနဲ့  တတိယမြောက်သက်တမ်း ငါးနှစ်ကို ဆက်ပြီးတာဝန်ယူသွားဖို့ အတည်ဖြစ် သွားပြီလို့ ဆိုပါတယ်။

ရှီရဲ့ အယုံကြည်ရဆုံးသူ ဖြစ်တဲ့ ပရော်ဖက်ဆာ လီကင်း ကတော့ တရုတ်နိုင်ငံရဲ့ ဝန်ကြီးချုပ်နေရာ အတွက် ထိပ်ဆုံးက ပြေးနေတယ်လို့လည်းသိရပါတယ်။ မနက်ဖြန် မတ်လ ၁၁ ရက်မှာတော့ ဝန်ကြီးချုပ်အသစ်ကို တရားဝင် ထုတ်ပြန်ဖို့ ရှိနေပါတယ်။

တရုတ်နိုင်ငံ သမိုင်းကို နောက်ပြန်ကြည့်လိုက်မယ် ဆိုရင်တော့ တရုတ်ကွန်မြူနစ်ပါတီကြီးကို တည်ထောင်သူ ဥက္ကဋ္ဌ မော်စီတုံးအပါအဝင် ဘယ်တရုတ်ခေါင်းဆောင်တစ်ဦးတစ်ယောက်ကမှ နိုင်ငံခေါင်းဆောင်ရာထူးကို ၁၀နှစ်ထက်ပို ရယူခဲ့တာမရှိဘူးလို့လည်း သိရပါတယ်။

Ref: CNN

သမ္မတ ရှီကျင့်ဖျင် ကိုယ်ရေးအကျဥ်း

၁၉၅၃ခု ဇွန်လ ၅ရက် ပေကျင်းမှာ မွေးဖွား (လက်ရှိအသက် ၆၉နှစ်)။

မွေးချင်းသုံးယောက်ရှိ။

ဘေကျင်းဘိုင်းရိ မူလတန်းကျောင်းမှာ ပညာစသင်ခဲ့။ ပေကျင်း ဆင်ကွာတက္ကသိုလ်ကနေ ဥပဒေဘွဲရ။

၁၉၇၄ခုကစ ကွန်မျုနစ်ပါတီကို ဝင်ရောက်ခဲ့။

၁၉၇၉မှာ  ပါတီထဲက ထင်ရှားတဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကီလင်းလင်းနဲ့ လက်ထပ်၊ ၁၉၈၂မှာ ကွာရှင်း။

၁၉၈၇မှာတော့ နာမည်ကြီး ဆိုပရာနိုအဆိုတော် ဖောင်လျူအန်းနဲ့ ထပ်လက်ထပ်ပြီး ဒီနေ့တိုင် ပေါင်းသက်နေထိုင်လျက်ရှိ။ ပထမအိမ်ထောင်နဲ့ သားသမီးမရ၊ ဒုတိယအိမ်ထောင်ဖက် နဲ့ သမီးတစ်ယောက်ထွန်းကား၊ နာမည်က ရှီမင်းဇေ ၊အသက်၃၀၊ ဟားဘတ်တက္ကသိုလ် ကနေ စိတ်ပညာအထူးပြု ဘီအေဘွဲရ။

၂၀၁၃ မတ်လ မှာ သမ္မတဟောင်း ဟူကျင့်တောင်ထံက သမ္မတရာထူးလွဲပြောင်းဆက်ခံပြီး  တရုတ်နိုင်ငံရဲ့ သမ္မတ ဖြစ်လာ။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *