တရုတ်နိုင်ငံရဲ့ ဗီဇာကင်းလွတ်ခွင့် လှုပ်ရှားမှုက  အရှေ့တောင်အာရှနိုင်ငံတွေရဲ့  ခရီးသွားလုပ်ငန်းအတွက် ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်လာ

စင်္ကာပူ၊ ဇွန်၂၄

တရုတ်နိုင်ငံက သူ့ရဲ့  ခရီးသွားလုပ်ငန်းကို မြှင့်တင်ဖို့အတွက် အစပြုလိုက်တဲ့ ဗီဇာကင်းလွတ်ခွင့် လှုပ်ရှားမှုက အရှေ့တောင်အာရှရဲ့ ခရီးသွားလုပ်ငန်း ထိပ်ဆုံးရောက်နေတဲ့မလေးရှား၊ စင်္ကာပူနဲထိုင်းနိုင်ငံတို့ အတွက် ကြီးမားလွန်းတဲ့ ထိုးနှက်ချက်တစ်ခု ဖြစ်လာခဲတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။

တရုတ်ပြည်က နှင်းဖုံးနေတဲ့ တောင်တွေ၊ ရှုခင်းလှလှနဲ့ ရေကန်တွေက ခရီးသည်တွေကို အမြဲတမ်းစွဲဆောင်နေတာ ဖြစ်ပါတယ်။

ယူနန်ပြည်နယ် မှာ အခြေစိုက်တဲ့ အသက် ၃၅နှစ်အရွယ် ကိုယ်ပိုင်ကားမောင်းသူဟာ တစ်နေ့ကို ရှစ်နာရီကြာ အလုပ်ဖြစ်နေပါတယ်။ သူက တရုတ်ပြည်နယ်ရဲ့ အဓိကဆွဲဆောင်မှုရှိတဲ့ နေရာတွေတဝိုက်မှာ ခရီးသည်တွေကို လိုက်ပြီးပို့ပေး ပြပေးနေတာပါ။ စီအန်အေ ကို ပြောပြတဲ့ သူ့ဝင်ငွေက  ခရီးစဉ်တစ်ခုစီတိုင်း ယွမ် ၁၅၀ ကနေ ၁၀၀၀ ယွမ် (ကန်ဒေါ်လာ ၂၁ ကနေ ၁၄၀) ဖြစ်ပါတယ်။

သူ့ရဲ့ဖောက်သည်တွေက လွန်ခဲ့တဲ့ ခြောက်လလောက်အထိက ပြည်တွင်းခရီးသွားတွေ ဖြစ်ပြီး အခုဆိုတစ်လကို လေးကြိမ်ကနေ  ငါးကြိမ်အထိ   အရှေ့တောင်အာရှနိုင်ငံတွေ အထူးသဖြင့် စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့က ခရီးသည်တွေကို လိုက်ပို့ပေးနေရပြီလို့ ပြောပါတယ်။

“ခရီးသွားလုပ်ငန်းက လုပ်သားတွေအနေနဲ့ ပြည်တွင်းခရီးသွားတွေကိုပဲ အာရုံစိုက်ရတာမဟုတ်ဘူး။ နိုင်ငံခြားဧည့်သည်တွေနဲ့လည်း ဆက်ဆံဖို့ လိုတယ်” လို့ လည်း ကားဆရာက ပြောပါတယ်။

တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့ ၂၀၂၃ခု နှစ်အစောပိုင်းက တင်းကျပ်တဲ့ COVID-19 ထိန်းချုပ်မှု ၃ နှစ်နီးပါးကို ဖျက်သိမ်းပြီးနောက်ပိုင်း နိုင်ငံခြားသားခရီးသည်တွေ ပြန်ဝင်လာခဲ့တာ ဖြစ်ပါတယ်။  

ဒိနောက်တော့ဗီဇာကင်းစင်ရေးမူဝါဒတွေ ပြန်လည်စတင်ခြင်းနဲ့ ချဲ့ထွင်ခြင်းတွေကို အားထည့်လုပ်ကိုင်နေတာလည်း ဖြစ်တယ်လို့ သိရပါတယ်။

Ref: CNA

ပုံစာ။ တရုတ်ပြည်မှာ မင်္ဂလာပွဲကြို ဓါတ်ပုံရိုက်နေတဲ့ မလေးရှားစုံတွဲ

Feature Image Credit: Tan Ziteng)

Visited 20 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *