တရုတ်နိုင်ငံမှာ အလုပ်လုပ်ခဲ့တဲ့ အမေရိကန် စစ်ဘက်လေယာဉ်မှူးဟောင်း သြစတြေးလျမှာ ဖမ်းဆီးခံရ

တရုတ်အခြေစိုက် လေတပ်စခန်းတစ်ခု
photo Credit:Chine Nouvelle/SIPA/Shutterstock

နယူး ဆောက်သ် ဝေးလ်၊ အောက်တိုဘာ ၂၅

တရုတ်နိုင်ငံမှာ အလုပ်လုပ်ခဲ့တဲ့ အမေရိကန် စစ်ဘက်လေယာဉ်မှူးဟောင်းတစ်ဦးကို သြစတြေးလျမှာ ဖမ်းဆီးခဲ့ပြီး အမေရိကန်ကို  တရားခံလွှဲပြောင်းရေး  လုပ်နေတဲ့ အကြောင်း သိရပါတယ်။

သြစတြေးလျဖက်ဒရယ်ရဲတပ်ဖွဲ့က အသက် ၅၄ နှစ်အရွယ် ဒန်နီရယ် အဒ္ဒမန် ဒူဂန်ကို နယူးဆောက်သ်ဝေးလ် မှာရှိတဲ့ အောရင့်ချ်လို့ အမည်ရတဲ့ ကျေးလက်ဒေသ တစ်ခုမှာ ပြီးခဲ့တဲ့  သောကြာနေ့ အောက်တိုဘာ ၂၁ရက်က ဖမ်းဆီးခဲ့ပြီး အဲ့ဒိနေ့မှာပဲ တရားရုံးမှာ သူ့ကို ရုံးထုတ်ခဲ့တဲ့အကြောင်း တရားရုံးမှတ်တမ်းတွေမှာ ဖော်ပြထားတဲ့ သတင်းတွေနဲ့ ရဲသတင်းရင်းမြစ်နှစ်ခု ပေါ်အခြေခံပြီး တရားခံရဲ့ ရှေ့နေက အတည်ပြုခဲ့တယ်လို့ သိရပါတယ်။

တရာခံဖြစ်တဲ့ ဒူဂန်ရဲ့ရှေ့နေက ဗီဒီယိုကွန်ဖရင့်ကတဆင့်ပြောပြတာက ဒူဂန့်ကို အာမခံပေးဖို့ တရားရုံး က ငြင်းဆိုခဲ့တဲ့အကြောင်း ပြီးတော့ အနီးနားမှာ ရှိတဲ့ Bathurst အကျဉ်းထောင်ကို ခေါ်ဆောင်သွား ခဲ့တယ်လို့ သတင်းရင်းမြစ်နှစ်ခုကနေ တစ်ဆင့်သိရပါတယ်။

ဒူဂန်ဟာအမေရိကန် နိုင်ငံသားဟောင်းတစ်ဦးဖြစ်ပြီး ဖက်ဒရယ်ရဲတပ်ဖွဲ့ကတော့ တရားခံတရားဝင် လွှဲပြောင်း ပေးရေးလုပ်ငန်းစဉ်တွေ မတိုင်မီ သူကို  အလျင်အမြန်တောင်းဆိုဖို့  လုပ်ဆောင်နေတယ်လို့ လူသိရှင်ကြားပြော ဆိုခွင့်မရှိတဲ့ ရဲသတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

ဒူဂန်ကတော့ နောက်ထပ်တရားရုံးမှာ အာမခံလျှောက်ထားမယ့် ကိစ္စ လာမယ့် နိုဝင်ဘာလအတွင်း ဆစ်ဒနီမှာ လုပ်မယ်လို့ ဆိုပါတယ်။

ဒီလို ဖမ်းဆီးမှုမတိုင်မီ ရှေ့သီတင်းပတ်တွေမှာလည်း  ဗြိတိန်က ဒါဇင်နဲ့ ချီတဲ့ သူတို့နိုင်ငံရဲ့ စစ်ဘက် လေယာဉ်မှူး ဟောင်းတွေကို တရုတ်နိုင်ငံမှာ အလုပ်မလုပ်တော့ဖို့ ဒါမှမဟုတ် ဥပဒေသစ်အရ နိုင်ငံတော်လုံခြုံရေးအတွက် တရားစွဲဆိုခြင်းခံရမယ်လို့ သတိပေးခဲ့ပါတယ်။ သြစတြေးလျကလည်း သူတို့ တိုက်လေယာဉ်မှူးဟောင်းတချို့ တရုတ်နိုင်ငံမှာ အလုပ်လုပ်ဖို့ ကြိုးစားချဉ်းကပ်ခဲ့တယ်ဆိုတဲ့ သတင်းတွေကို စုံစမ်းနေတယ်လို့ သိရပါတယ်။

သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ဒူဂန်ဟာ၂၀၁၄မှာ ဘေဂျင်းကို ပြောင်းရွေ့ခဲ့ပြီး  တရုတ်လေကြောင်း အတိုင်ပင်ခံ ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။

Ref: Reuters

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *