တရုတ်နိုင်ငံမှာ မျိုးဆက်သစ်လူငယ်တွေ ရာနဲ့ချီ လမ်းပေါ်ထွက် ဆန္ဒပြ

စာရွက်အလွတ်တွေ ကိုင်ပြီး ဆန္ဒပြနေတဲ့ တရုတ်လူငယ်များ
Photo Credit: Getty Images

ရှန်ဟိုင်း၊ ဒီဇင်ဘာ ၂

ပြီးခဲ့သည့် သီတင်းပတ်ကုန်က တရုတ်နိုင်ငံမှာ  မျိုးဆက်သစ်လူငယ်တွေ ရာနဲ့ချီစုဝေးပြီး လမ်းမတွေပေါ်မှာ သူတိုရဲ့ဆန္ဒကို ဖော်ထုတ်ပြသ ခဲ့ကြတယ်လို့ သိရပါတယ်။ ဒီလို မြင်ကွင်းဆိုတာ တရုတ်နိုင်ငံမှာ အင်မတန်မှ မြင်တွေ့ရခဲတဲ့ ကိစ္စမျိုးလည်း ဖြစ်သလို နှစ်များစွာထဲ ထူးထူးခြာခြားပေါ်ပေါက်လာခဲ့တာလို့လည်း ဆိုပါတယ်။

သူတို့တွေ လမ်းပေါ်ထွက်လာရတဲ့ အကြောင်းကတော့ သုံးနှစ်နီးပါး ကြာလာပြီဖြစ်တဲ့ တရုတ်အစိုးရရဲ့ Zero-Covid မူဝါဒ ကို လက်မခံနိုင်ကြလို့ပဲ ဖြစ်ပါတယ်။

ရှန်ဟိုင်းမှာ ဆန္ဒပြသူတွေဟာ အစပိုင်းမှာတော့ ငြိမ်ငြိမ်သက်သက် ရှိနေခဲ့ပြီး နောက်ပိုင်း  ပြီးခဲ့တဲ့နိုဝင်ဘာမှာ အနောက်ပိုင်း ရှင်ကျန်း ဒေသက တိုက်ခန်းမီးလောင်မှုမှာ သေဆုံးခဲ့ရတဲ့ သူတွေကို ဂုဏ်ပြုဖို့ဆိုပြီး စုရုံးခဲ့ကြပါ တယ်။ အဲဒီနေရာ ဒေသမှာ ချမှတ်ထားတဲ့ ကိုဗစ်အတားအဆီးအစီအမံ တွေက လူတွေ မီးဘေးက လွတ်အောင် ကြိုးစားဖို့ အဟန့်အတားဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကို ထောက်ပြဝေဖန်ခဲ့ကြတယ်လို့လည်း သိရပါတယ်။

ဆက်လက်ပြီး ဆန္ဒပြလူငယ်တွေက  ရဲအစောင့်အကြပ် တွေရဲ့ ရှေ့မှာပဲ စာရွက်အလွတ်တွေကိုင်ပြီး ပန်းခွေချဆုတောင်းပြီးတဲ့နောက် ငြိမ်ငြိမ်လေးပဲဆန္ဒပြနေခဲ့ကြတယ်လို့ ဆိုပါတယ်။

ဒိနောက် တစ်ညတာ ကုန်ဆုံးပြီး ချိန်မှာတော့ လူငယ်တွေက ပိုရဲရင့်လာပြီး လူစုလူဝေးကလည်း ပိုပြီ များလာခဲ့ ပါတယ်။ ဒေသစံတော်ချိန် ၀၃း၀၀ လောက်  အရောက်မှာတော့ “ ရှီ ကျင်းပင် ရာထူးကဆင်းပါ … ရှီ ကျင်းပင် ရာထူးက ဆင်းပေးပါ” ဆိုပြီး ဟစ်ကြွေးကြသလို တချို့လူအုပ်ကလည်း  “လွတ်လပ်မှု။ ငါတို့ လွတ်လပ်မှုကို လိုချင်တယ်၊ သော့ခတ်မှုကို အဆုံ းသတ်လိုက်” လို့ ဟစ်အော် ဆန္ဒပြခဲ့ကြပါတယ်။

 “အွန်လိုင်းမှာ ဒေါသထွက်နေတဲ့ လူတော်တော်များများကို တွေ့ဖူးပေမယ့် ဘယ်သူမှ လမ်းပေါ်ထွက် မပြဖူးဘူး” လို့ ဆန္ဒပြပွဲမှာပါတဲ့ လူငယ်တစ်ယောက်က ဘီဘီစီ ကို ပြောပါတယ်။

နာမည်ကြီး တက္ကသိုလ် တစ်ခုရှေ့မှာ စုဝေးဆန္ဒပြနေတဲ့ တရုတ်လူငယ်များ
Photo Credit: Reuters

“ဒီစုဝေးမှုက အဓိပ္ပါယ်ရှိပါတယ်။ ဒါက ကျွန်တော့်အတွက် အဖိုးတန်တဲ့ အမှတ်တရတစ်ခုလို့ ကျွန်တော်ခံစား ရတယ်။” လို့ ဆန္ဒပြလူငယ်က ဆက်ပြောပါတယ်။

လူအုပ်အနားက အမျိုးသမီးငယ်တစ်ဦးကတော့ ဒါဟာ စိတ်လှုပ်ရှားစရာကောင်းတယ်.. တရုတ်မှာ ဒီလိုမျိုး တစ်ခါမှ မတွေ့ဖူးဘူး” ” စိတ်သက်သာရာရသလို ခံစားရတယ်။ နောက်ဆုံးတော့ အတူတူ ဝိုင်းပြီး ပြောချင်နေ တာ ကြာပါပြီ” ဆိုပြီး ဘီဘီစီ ကို ပြောပါတယ်။

 အဲ့ဒိအမျိုးသမီးငယ်ကပဲ Zero – Covid ဆိုတဲ့ မူဝါဒကြီးက သူတို့တွေရဲ့ အကောင်းဆုံးနှစ်တွေ ကို ခိုးယူခဲ့ကြောင်း ပြောပါတယ်။ သူတို့တွေရဲ့ မျိုးဆက်တွေအားလုံး ဝင်ငွေ၊ အသက်မွေးဝမ်းကျောင်းမှု၊ ပညာရေးနဲ့ ခရီးသွား လာရေး အခွင့်အလမ်းတွေ အကုန်ဆုံးရှုံးခဲ့ရတယ်။ တစ်ခါတစ်ရံ လပေါင်းများစွာ လော့ခ်ဒေါင်းချခံထားရပြီး မိသားစု တွေနဲ့ ခွဲခွာခဲ့ရသလို အနာဂတ်ဘဝအစီအစဉ်တွေကို နှောင့်နှေးကြန့်ကြာတာ ဒါမှမဟုတ် ဖျက်သိမ်းခံ လိုက်ရတယ်လို့လည်း ပြောပါတယ်။

“ကပ်ရောဂါမဖြစ်ခင် က တရုတ်လူငယ်အများစုဟာ သူတို့ရဲ့ အနာဂတ်အလားအလာတွေကို ကျေနပ်နေခဲ့ကြပေမယ့် ကိုဗစ်က သူတို့ အိပ်မက်တွေကို ဖျက်ဆီးပစ်လိုက်တယ်”လို့ လူငယ်တစ်ဦးက ရင်ဖွင့်ပါတယ်။

ရှန်ဟိုင်းမြို့ရဲ့ ဆန္ဒပြပွဲမှာ  ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဆန္ဒပြသူတွေကို ဖမ်းဆီးနေပုံ
Photo Crerdit: Reuters

“ကျွန်တော် ကမ္ဘာပတ်ပြီး ခရီးသွားလို့မရဘူး၊ မိသားစုကို မမြင်ရဘူး” လို့  ရှန်ဟိုင်း ဆန္ဒပြပွဲထဲက ကင်မရာကိုင်ထားတဲ့ လူငယ်က ပြောပါတယ်။ တောင်ပိုင်းက ကွမ်ကျိုးမြို့မှာ နေနေတဲ့ကင်ဆာဝေဒနာရှင်သူ့အမေက အရမ်းကိုကြောက်နေတယ် လို့ ဘီဘီစီ ကို ပြောပါတယ်။ အဲဒီနေ့နှောင်းပိုင်းမှာတော့  ရဲတွေက သူ့ကို ဖမ်းဆီးလိုက်တယ်လို့ ဘီဘီစီကို နောက် ပိုင်းမှာ ပြောပါတယ်။

မြို့တော်အာဏာပိုင်တွေကတော့ ခရိုင်အများစုက ကိုဗစ်ကန့်သတ်ချက်တွေကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ နိုဝင်ဘာ၃၀ ရက်က ရုတ်သိမ်းပေးခဲ့တယ်လို့ သိရပါတယ်။

အခု့တော့ စက္ကူအလွတ်တွေက တရုတ်နိုင်ငံ ဆန္ဒပြပွဲတွေရဲ့ သင်္ကေတဖြစ်လာပြီလို့လည်း ဆိုနေကြတယ်လို့ သိရပါတယ်။ နောက်ဆုံးရ သတင်း တွေ အရကတော့ တရုတ်လုံခြုံရေးအဖွဲတွေရဲ့ ဖြိုခွင်းတာဆီးမှုတွေနောက်မှာတော့ ဆန္ဒပြပွဲတွေ ရပ်တန့်သွားခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *