တရုတ်နိုင်ငံမှာ ဘောလုံးပွဲ လောင်းကစားမှုနဲ့ လူ၄၃ယောက်ကို အရေးယူ အာရှက နာမည်ကြီး ကစားသမားတွေပါ ပါဝင်

ဘေကျင်း၊ စက်တင်ဘာ ၁၀

တရုတ်လက်ရွေးစင်ဟောင်း သုံးယောက်နဲ့  တောင်ကိုရီးယားကစားသမား ဆွန်ဂျွန်ဟိုအပါအဝင်  လူ ၄၃ယောက်ကို အင်္ဂါနေ့ (စက်တင်ဘာ ၁၀ ရက်) မှာ တရုတ်ဘောလုံးအဖွဲ့ချုပ်က အရေးယူ ပိတ်ပင် လိုက်တဲ့အကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ထုတ်လွှင့်ခဲ့ပါတယ်။

မကြာသေးတဲ့နှစ်တွေမှာ  ဘေဂျင်းဟာ တရုတ်အားကစား အထူးသဖြင့် ဘောလုံးပွဲ အဂတိလိုက်စားမှုကို နက်နက်ရှိုင်းရှိုင်း နှိမ်နင်းခဲ့ပြီး ထိပ်တန်းအရာရှိတွေကိုလည်း ထောင်ချခဲ့ပါတယ်။

အရေးယူလိုက်တဲ့  ၄၃ ဦးယောက်ဟာ  ပြည်တွင်းဂိမ်းတွေမှာ  တရားမဝင်လောင်းကစားခဲ့တာကို နှစ်နှစ်ကြာ စုံစမ်းစစ်ဆေးမှုလုပ်အပြီး  ပါဝင်ပတ်သက်တဲ့သူ ၁၂၈ယောက်ထဲမှာ ပါဝင်တဲ့ သူတွေ ဖြစ်တယ်လို့လည်း တရုတ် ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနက ပြောပါတယ်။

အခု သတင်းဟာ ၂၀၂၆ ကမ္ဘာဖလားခြေစစ်ပွဲ ဖြစ်တဲ့ တရုတ်နဲ့ ဆော်ဒီအာရေးဗီးယားတို့ အိမ်ကွင်း မှာ မကစား ခင်  နာရီပိုင်းအလိုမှာ ထွက်လာတာ ဖြစ်ပါတယ်။

တရုတ်စူပါလိဂ် အသင်း Shandong Taishan အတွက် ကစားပေးနေတဲ့ တောင်ကိုရီးယားလက်ရွေးစဉ် ဆွန်ဂျွန်ဟို ကလည်း လောင်းကစားနဲ့ လာဘ်ပေးလာဘ်ယူမှုတွေမှာ ပါခဲ့တယ်လို့  တရုတ်ဘောလုံးအဖွဲ့ (CFA) က စွပ်စွဲ ခဲ့ပါတယ်။

လက်ရွေးစင်ကွင်းလယ်ကစားသမား ဆွန်ဂျွန်ဟိုဟာ ၂၀၂၃ခုနှစ်  မေလကတည်းက တရုတ်နိုင်ငံမှာ ထိန်းသိမ်း ခံထားရပြီးတဲ့နောက် အခုနှစ် ၂၀၂၄ခုနှစ် မတ်လမှာ တောင်ကိုရီးယားကို  ပြန်ရောက်လာတာလို့ သိရပါတယ်။

တရုတ်နိုင်ငံ ဘောလုံး အုပ်ချုပ်မှုအဖွဲ့ ကိုယ်တိုင်က စစ်ဆေးခံနေရပြီး အခုအချိန်အထိ အဆင့်မြင့် CFA အရာရှိ ၁၀ယောက်လည်း အလားတူ စစ်ဆေးခံနေရတယ် သတင်း ထုတ်ပြန်ထားပါတယ်။

Ref: AFP

ပုံစာ။ တောင်ကိုရီးယား လက်ရွေးစဉ် နာမည်ကြီး ကစားသမား ဆွန်ဂျွန်ဟို

Feature Image credit: The Korea Herald

Visited 64 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *