တရုတ်နိုင်ငံမှာ ပြုလုပ်မယ့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်ကို နစကအဖွဲ့ဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်မယ်

တရုတ်နိုင်ငံ၊ ပေကျင်းမြို့မှာ အောက်တိုဘလ၁၇နဲ့၁၈ရက် ပြုလုပ်မယ့် တတိယအကြိမ် ရပ်ဝန်းနှင့် ပိုးလမ်းမအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဖိုရမ်(BRI)ကို နစကအဖွဲ့ဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦး တက်ရောက်မယ်လို့သိရပါတယ်။

နစကအဖွဲ့ဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦးဟာ တရုတ် အမျိုး သားဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မ ရှင်စရဲ့ ဖိတ်ကြားချက်အရ ဖိုရမ်ကို တက်ရောက်ခဲ့တာလို့ သိရ ပါတယ်။

တရုတ်အစိုးရအနေနဲ့ ဖိုရမ်ကိုတက်ရောက်ဖို့အတွက် နိုင်ငံတစ်ခုရဲ့ခေါင်းဆောင်တွေကိုသာ ဖိတ်ကြားလေ့ရှိပြီးအခုပြုလုပ်မယ့် ဖိုရမ်ကို တက်ဖို့အတွက် နစကဥက္ကဌဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတော့ ဖိတ်ကြားခဲ့ခြင်း မရှိဘူးလို့ သိရပါတယ်။

တရုတ်နိုင်ငံပေကျင်းမှာ အခုပြုလုပ်မယ့်(BRI)ဖိုရမ်ကို အာရှနဲ့အာဖရိကက နိုင်ငံ့ခေါင်းဆောင်တွေနဲ့ရုရှားသမ္မတ ဗလာဒီမာပူတင်တို့တက်ရောက်ကြမယ်လို့လည်း သိရပါတယ်။

ဖိုရမ်ကိုတက်ဖို့အတွက် နစကအဖွဲ့ဝင်ဗိုလ်ချုပ်ကြီး မြထွန်းဦးဟာ ပြည်​ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ စက်မှုဝန်ကြီး ဌာန ဒုဝန်ကြီး ဦးရင်မောင်ညွန့်၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနတို့က အဆင့်မြင့်အရာရှိကြီးများတွေဟာ အောက်တိုလ၁၆ရက်နေ့က မြန်မာ နိုင်ငံက ထွက်ခွာသွားပြီဖြစ်ပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *