တရုတ်နိုင်ငံမှာ စူပါတိုင်ဖွန်းယာဂီ ကြောင့် လူနှစ်ယောက်သေ ၉၂ယောက် ဒဏ်ရာရ

 ဘေကျင်း၊ စက်တင်ဘာ ၇

တရုတ်နိုင်ငံတောင်ပိုင်း ဟိုင်နန်ကျွန်းကို ဝင်ရောက်တိုက်ခတ်ခဲ့တဲ့ စူပါတိုင်ဖွန်း ယာဂီ ကြောင့် အနည်းဆုံး လူ နှစ်ယောက် သေဆုံးပြီး ၉၂ယောက်  ဒဏ်ရာရခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက စက်တင်ဘာ ၇ ရက်မှာ ဖော်ပြပါတယ်။

မုန်တိုင်းကြောင့်  ဟိုင်နန်မှာ မိုးသည်းသည်းထန်ထန် ရွာသွန်းကာ  လေပြင်းပါတိုက်ခတ်ခဲ့တာမို့ အနည်းဆုံး နှစ်ယောက်သေဆုံးပြီး ၉၂ ယောက်ဒဏ်ရာရခဲ့အထိ ဖြစ်ခဲ့ရတာလို့ ဒေသအာဏာပိုင်တွေရဲ့ ထုတ်ပြန်ပြောဆိုတာတွေကို ကိုးကားပြီး နိုင်ငံပိုင်သတင်းအေဂျင်စီ ဆင်ဟွာက ကြေငြာပါတယ်။

ယာဂီဟာ တစ်နာရီ ကီလိုမီတာ ၂၃၀ ထက်မနည်း လေတိုက်နှုန်းကို သယ်ဆောင်လာကာ သစ်ပင်တွေကို ခုတ်ထစ်လှဲချ လိုက်တဲ့အထိ ပြင်းထန်ခဲ့တာမို့ ကျွန်းပေါ်က လူပေါင်း ၄၆၀၀၀၀ ဝန်းကျင်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရတယ်လို့ နိုင်ငံပိုင် ရုပ်သံ CCTV က ပြောပါတယ်။

မုန်တိုင်းဟာ  လူတွေ ပျော်ရွှင်တဲ့  အားလပ်ရက်နေရာဖြစ်တဲ့ ဟိုင်နန်ကို စက်တင်ဘာ ၇ရက် သောကြာနေ့က ကုန်းတွင်းပိုင်းကနေ ဝင်လာခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ ကျွန်းရဲ့  အဓိကလေဆိပ်ကို စက်တင်ဘာ၇ရက် စနေနေ့ ညနေ ၃ နာရီအထိ ပိတ်ထားတယ်လို့ နိုင်ငံပိုင်ရုပ်သံ CCTV က ထုတ်လွှင့်သွားတဲ့ အကြောင်းသိရပါတယ်။

Ref: cna

ပုံစာ။ မုန်တိုင်းတိုက်ခတ်နေပုံ

Feature Image Credit: Yang Guanyu/Xinhua via AP

Visited 35 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *