တရုတ်နိုင်ငံမှာ ကလေးမွေးဖွားနူန်း ကျဆင်းနေလို့  သန်းနဲ့ချီတဲ့  ဆရာ၊ဆရာမ အလုပ်တွေ မရေမရာ ဖြစ်နေ

ပေကျင်း၊ ဖေဖေါ်ဝါရီ ၁၄

ကလေးမွေးဖွားနူန်းကျနေတဲ့ တရုတ်နိုင်ငံမှာ ၂၀၃၅ခုနှစ် ရောက်ချိန်မှာ  မူလတန်းပြဆရာ ၁ဒသမ ၅ သန်းနဲ့ အလယ်တန်းပြဆရာ ၃၇၀,၀၀၀ ကျော်တို့ရဲ့ အလုပ်တွေက ဆက်တည်မြဲဖို့ မရေရာမှုတွေနဲ့ ရင်ဆိုင်ကြရမှာ ဖြစ်တယ်လို့ South China Post သတင်းစာကြီးကနေ ရေးသားဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံမှာ ကလေးမွေးဖွားမှုနူန်းဟာ ၂၀၁၇  ခုနှစ်ကတည်းက ကျဆင်းသွားခဲ့ပြီး ၂၀၂၁ ခုနှစ်မှာ ဆယ်စုနှစ်နှစ်ခုနီးပါးအတွင်း သူငယ်တန်းကျောင်းသားဦးရေ ပထမဆုံးအကြိမ် ကျဆင်းသွားတာကို လက်တွေ့ ကြုံခဲ့ရပါတယ်။

အခုလို  မွေးဖွားမှု အရှိန်အဟုန် ကျဆင်းလာတာကြောင့်  ဆရာတွေ ပိုလျှံလာမှာ ဖြစ်ပြီး လာမည့်၁၀နှစ်အတွင်း အဲဒိ အကျပ် အတည်းက စပြီး ရိုက်ခတ်လာတော့မယ်လို့လည်း သုံးသပ်နေကြပါတယ်။

အငြိမ်းစားယူသူဦးရေ ခပ်မြန်မြန်စွာတိုးလာတာနဲ့အတူ  မွေးကင်းစကလေးငယ်အရေအတွက် ကလည်း ကျဆင်းလာတာနဲ့အညီ တရုတ်နိုင်ငံရဲ့ စီးပွားရေးတိုးတက်မှု နှေးကွေးခြင်းနဲ့ တင်းမာတဲ့ လူမှုဖူလုံရေးစနစ် စတာတွေက တိုင်းပြည်ကို ကျယ် ပြန့် တဲ့ ဂယက်ရိုက်ခတ်မှုတွေ ဖြစ်လာမယ်လို့ အကဲခတ်သူတွေက ဆိုပါတယ်။

တရုတ်နိုင်ငံမှာ  မွေးကင်းစကလေးငယ်အရေအတွက်ဟာ ၂၀၁၇ ခုနှစ်ကစ ကျဆင်းသွားခဲ့ပြီး  ၂၀၂၃ခုနှစ်မှာ လည်း  ၉ သန်းကျော်အထိ ကျဆင်းသွားခဲ့တယ်လို့ သိရပါတယ်။

Ref: South China Post

ပုံစာမူလတန်းဆရာမ တချို့ တွေ့ရပုံ

Feature Image Credit: xinhua

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *