ဘေကျင်း၊ ဧပြီ ၂၂
တရုတ်နိုင်ငံ တောင်ပိုင်းမှာ ရက်အတန်ကြာ ဆက်တိုက်မိုးကြီးပြီး မုန်တိုင်းတိုက်ခတ်လို့ အခုချိန်အထိ လူ ၁၁ယောက် ပျောက်ဆုံးနေတယ်လို့ နိုင်ငံပိုင်မီဒီယာက ထုတ်ပြန်ပါတယ်။ ဒါ့အပြင် ပြင်းထန်တဲ့ မိုးနဲ့ မုန်တိုင်းရောပြီး တိုက်ခတ်ခဲ့လို့ လူပေါင်း သောင်းနဲ့ ချီပြီးလည်း ဘေးလွတ်ရာကိုရွှေ့ပြောင်းခဲ့ရပါတယ်။
မကြာသေးတဲ့ ရက်တွေက ဂွမ်ဒေါင်းပြည်နယ်တောင်ပိုင်းမှာ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး မြစ်ချောင်းတွေ ရေပြည့်လျှံကာရေစီးတွေပါ ပြင်းထန်လာခဲ့ပါတယ်။ ဒီလောက် ရေကြီးရေလျှံ အားပြင်းတာမျိုး ဒီဒေသမှာ ရာစုနှစ်အတွင်း ဒါပထမဆုံးအကြိမ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။
သတင်းတွေအရ ပြည်နယ်တစ်ဝှမ်းက လူပေါင်း ၅၃၀၀၀ ကျော်ကို နေရာရွှေ့ပြောင်းပေးထား ရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
ဆက်တိုက်ဆိုသလို ဟောင်ကောင်ကျွန်းနဲ့ ရှန်ကျန်း အပါအဝင် အဓိကမြို့ကြီးတွေနဲ့ နယ်နိမိတ်ချင်းထိစပ်နေတဲ့ ပင်လယ်ကမ်းရိုးတန်းက ဂွမ်ဒေါင်း ကမ်းရိုးတန်းရေပြင်မှာ မိုးကြိုးမုန်တိုင်းတွေနဲ့ လေပြင်းတွေ ဆက်ပြီး တိုက်ခတ်တာ ဖြစ်လာနိုင်တယ်လို့ မိုးလေဝသအာဏာပိုင်တွေက ဒီနေ့ ဧပြီ ၂၂ရက် တနင်္လာနေ့မှာ အထူးသတိပေးလိုက်တယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ မုန်တိုင်းဒဏ်ခံလိုက်ရတဲ့ တံတားတစ်စင်း
Feature Image Credit: BEIJING-Reuters



