တရုတ်နိုင်ငံခြားဝန်ကြီးဟောင်းဝမ်ယိ နိုင် ငံခြားရေးဝန်ကြီး ပြန်ဖြစ်လာ

တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ လက်ရှိ နိုင်ငံခြားရေးဝန်ကြီချင်ကန်းဟာ ရာထူး မှဖယ်ရှားခံခဲ့ရပြီး နိုင်ငံခြားရေးဝန်ကြီး ဟောင်းဝမ်ယိကို တရုတ်နိုင်ငံခြားရေးဝန် ကြီးအဖြစ်ပြန်လည် ခန့်အပ်ခဲ့တယ်လို့ CCTVသတင်းရဲ့ ဇူလိုင်၂၅ရက်ညနေ ခင်းသတင်းမှာ ဖော်ပြခဲ့ပါတယ်။

ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ နိုင်ငံခြား ရေးဝန်ကြီးချင်ကန်းဟာ တရုတ်သမ္မတ ရှီကျင့်ဖင်ရဲ့ လက်ထောက်နဲ့ အမေရိ ကန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး တာဝန်များကို ထမ်းဆောင်ခဲ့သူ တစ်ဦး ဖြစ်ပြီး ၂၀၂၂ခုနှစ်ဒီဇင်ဘာလကမှ နိုင်ငံခြားရေးဝန်ကြီးတာဝန်ကို ခန့်အပ်ခံ ထားရသူလည်း ဖြစ်ပါတယ်။

အသက်၅၉နှစ်အရွယ်ဝန်ကြီးချင်ကန်းဟာ ပြီးခဲ့တဲ့ဇွန်လကုန်ပိုင်းကတည်းက တရုတ်နိုင်ငံကိုရောက်ရှိလာတဲ့နိုင်ငံခြားသံတမန်တွေကို တွေ့ဆုံခြင်းမရှိတော့ဘဲ လူမြင်ကွင်းကနေ တစ်လလောက်ပျောက် ကွယ်နေသူဖြစ်ပြီး သူ့ကို ကျန်းမာရေးအရ ရာထူးကနေ ဖယ်ရှားခဲ့တာလို့ ဝန်ကြီးဌာ နက သတင်းထုတ်ပြန်ခဲ့ပါတယ်။

သူ့နေရာကိုဆက်ခံမယ့် နိုင်ငံခြားရေးဝန် ကြီးဟောင်းဝမ်ယိဟာ အသက်၆၉နှစ် အရွယ်ဖြစ်ပြီး ၂၀၁၃ခုနှစ်ကနေ ၂၀၂၂ ခုနှစ်အထိ တရုတ်နိုင်ငံခြားဝန်ကြီး အ ဖြစ်တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ယခု အခါမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီး တာ ဝန်ကို ပြန်လည်ခန့်အပ်ခံခဲ့ရတာပဲ ဖြစ် ပါတယ်။

Ref;CCTV

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *