ဘေကျင်း၊ မတ် ၅
တရုတ်နိုင်ငံဟာ ပုံမှန်လုပ်လေ့ရှိတဲ့ လွှတ်တော်အပြီး ဝန်ကြီးချုပ်ရဲ့ သတင်းစာရှင်းလင်းပွဲကို ဖျက်သိမ်းခဲ့ ပါတယ်။ ဒီ ဖြစ်ရပ်ဟာ ၁၉၉၃ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်ဖြစ်တယ်လို့လည်း သိရပါတယ်။
ဒီလို ဆုံးဖြတ်ခဲ့တာဟာ နိုင်ငံရဲ့ အတွင်းကိစ္စတွေကို အာရုံစူးစိုက်မှုနဲ့ ဗဟိုချုပ်ကိုင်မှု တိုးမြင့်လာမှုတို့ရဲ့ လက္ခဏာတစ်ရပ်အဖြစ် လေ့လာသူတချို့က ရှုမြင်သုံးသပ်ကြပါတယ်။
မတ်လ ၄ ရက် တနင်္လာနေ့ မှာ အံ့အားသင့်ဖွယ် ကြေငြာချက်တစ်ခု အဖြစ်တရုတ်နိုင်ငံရဲ့ ဝန်ကြီးချုပ်လီကျင်း က အင်္ဂါနေ့မှာ စတင်မယ့် အခုနှစ် ပါလီမန်အစည်းအဝေး အပိတ်မှာ မီဒီယာတွေ နဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲ လုပ်ဖြစ်မှာ မဟုတ်တောဘူးဆိုပြီး ဝန်ကြီးချုပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
ဒါ့အပြင် လီဟာ ၂၀၂၇ ခုနှစ်မှာ ကုန်ဆုံးမယ့် ကျန်ရှိနေသေးတဲ့ တရုတ်နိုင်ငံပါလီမန်သက်တမ်းအတွက် နှစ်စဉ်သတင်းစာရှင်းလင်းပွဲတွေကိုလည်း လုပ်တော့မှာ မဟုတ်ဘူးလို့ အမျိုးသားပြည်သူ့ကွန်ဂရက်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လူ ကျင်းဂျင် က ပြောပါတယ်။
၁၉၉၃ ခုနှစ်ကတည်းက တရုတ်ဝန်ကြီးချုပ် အဆက်ဆက်ဟာ နှစ်စဉ်ပါလီမန်အစည်းအဝေးအပြီးမှာ မီဒီယာတွေနဲ့ တွေ့ဆုံပြီး သတင်းစာရှင်းလင်းပွဲတွေ လုပ်ခဲ့သလို ပြည်တွင်းနဲ့ နိုင်ငံခြား သတင်းထောက်တွေရဲ့ မေးသမျှ ကျယ်ပြန့်တဲ့ မေးခွန်းတွေကို ဖြေဆိုခဲ့သလို ကမ္ဘာအနှံ့ ကိုပါတိုက်ရိုက်ထုတ်လွှင့်ခဲ့ကြတာ ဖြစ်ပါတယ်။
Ref: Reuters
ပုံစာ။ တရုတ်ဝန်ကြီးချုပ် လီကျင်း
Feature Image Credit: AP



