တရုတ်နိုင်ငံက အမေရိကန်မဟာမိတ်  တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ လုံခြုံရေး၊ စီးပွားရေးကိစ္စတွေ ဆွေးနွေးနေ

ဆိုးလ်၊ မေ ၂၇

တရုတ်ဝန်ကြီးချုပ် လီချင်းဟာ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုး နဲ့  သံတမန်ရေးရာအပါအဝင် လုံခြုံရေးဆိုင်ရာ ဆွေးနွေးပွဲတစ်ခုကို မေလ ၂၆ ရက်က စလုပ်ခဲ့သလို ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှိဒါနဲ့လည်း  လွတ်လပ်တဲ့ကုန်သွယ်မှုဆိုင်ရာ ကိစ္စတွေနဲ့ ပတ်သက်တဲ့ ဆွေးနွေးပွဲတွေ ပြန်စဖို့ သာမက ထိုင်ဝမ်ဝန်းတင်းမာမှု ပြသနာတွေပါ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါအပြင် ကိုရီးယားနဲ, ဂျပန်ခေါင်းဆောင်နှစ်ယောက်ဟာ  လေးနှစ်အတွင်း အာရှအိမ်နီးချင်းသုံးနိုင်ငံရဲ့  ပထမဆုံး ထိပ်သီးအစည်းအဝေးမတိုင်မီ တစ်ရက်အလို ဆိုးလ်မှာ အရင် တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

ဘေဂျင်းနဲ့  ဝါရှင်တန်တို့ကြား ပြိုင်ဆိုင်မှုနဲ့  ထိုင်ဝမ်အပေါ် တင်းမာမှုတွေကြားမှာ တရုတ်နဲ့ အမေရိကန် မဟာမိတ် တောင်ကိုရီးယား၊ ဂျပန်တို့က မယုံကြည်မှုတွေ  မြင့်တက်နေတာကို စနစ်တကျ လျှော့ချဖို့  ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

ဒီနေ့ မေ ၂၇ရက် တနင်္လာနေ့ ဆိုးလ်မှာ လုပ်မယ့်   သုံးနိုင်ငံ ထိပ်သီးဆွေးနွေးပွဲနဲ့ ပတ်သက်လို့  ရလဒ်ကောင်းတွေ ထွက်လာဖို့ မျှော်လင့်ချက် နည်းနေသေးပေမယ့် နှစ်ပေါင်းများစွာ ဆက်ဆံရေး ယိုယွင်းလာပြီးတဲ့နောက် လက်ဆွဲနှုတ်ဆက်ကြတာ တစ်ခုတည်းနဲ့တင် အနည်းဆုံး သံတမန်ရေးရာ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မယ်လို့  ထိပ်တန်းသံတမန်တွေနဲ့  တာဝန်ရှိသူတွေ က မှတ်ချက်ပေးကြပါတယ်။

အပြန်အလှန်လေးစားမှုကို အခြေခံပြီး  အကျိုးစီးပွားတွေကို မြှင့်တင်ဖို့သာမက ရုရှားက ယူကရိန်းကို ကျူးကျော်မှု၊ အစ္စရေး-ဟားမတ်စ် ပဋိပက္ခနဲ့  ကမ္ဘာ့စီးပွားရေး မသေချာမရေရာမှုစတဲ့ ပြသနာ တွေအပေါ်အခြေခံတဲ့ ဘုံစိန်ခေါ်မှုတွေ ကို ကိုင်တွယ်ဖြေရှင်းဖို့ တောင်ကိုရီးယားနဲ့ တရုတ်တို့ ပူးပေါင်းဆောင်ရွက်သင့်တယ်ဆိုတဲ့ စကားကိုလည်း တောင်ကိုရီးယားသမ္မတက တရုတ်ဝန်ကြီးချုပ်ကို ပြောဆိုကြောင်းလည်း သိရပါတယ်။

Ref: Reuters

ပုံစာ။ ဂျပန်ဝန်ကြီးချုပ် ဖူမီအို ကီရှိဒါ ၊တရုတ်ဝန်ကြီးချုပ် လီချင်း၊ တောင်ကိုရီးယားသမ္မတ ယွန်ဆွတ်ယိုး( ဝဲမှ ယာ)

Feature Image Credit: AFP

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *