သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အာဘန်နီ့စ် က ဝမ်းမြောက်ကြိုဆို
ဆစ်ဒနီ၊ အောက်တိုဘာ ၁၁
နိုင်ငံရေးအရ လှုံ့ဆော်မှုလုပ်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေသာမက သူလျှိုအဖြစ် စွဲချက်တွေနဲ့အတူ တရုတ်အစိုးရရဲ့ သုံး နှစ် ကျော် ထိန်းသိမ်းခံထားရတဲ့ သြစတြေးလျ သတင်းထောက် ချိန်လိုင်းကို ဗုဒ္ဓဟူးနေ့ အောက်တိုဘာ ၁၁ ရက်မှာ တရုတ် အစိုးရ က ပြည်နှင်ဒဏ်နဲ့အတူ အကျဥ်းထောင်ကနေ ပြန်လွတ် ပေးလိုက် ပါတယ်။
ချိန်လိုင်းဟာ တရုတ်နိုင်ငံပိုင် China Global Television Network( CGTN) ရုပ်သံလွှင့်ဌာနရဲ့ အင်္ဂလိပ်ဘာသာ ချန်နယ်မှာ အလုပ်လုပ်ကိုင်ခဲ့သူ ဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက ထင်ရှားကျော်ကြားတဲ့ CEO တွေနဲ့ အင်တာဗျူးတွေ လုပ်ခဲ့တဲ့သူ ဖြစ်ပါတယ်။
ချိန်လိုင်းတစ်ယောက် ပျောက်ဆုံးပြီး လအကြာမှာတော့ တရုတ်အစိုးရရဲ့ တရားဝင် ဖမ်းဆီးခံခဲ့ ရတာကို သိခဲ့ရပါတယ်။ အမှုကတော့ “နိုင်ငံတော်လျှို့ဝှက်ချက် ပြည်ပကို ထောက်ပံ့မှု” ဆိုတဲ့ ခေါင်းစဥ်နဲ့ပါ။
ဒီနေ့မှာတော့ “သူ့ရဲ့ပြန်လာခြင်းဟာ အလွန်ခက်ခဲတဲ့ နှစ်အနည်းငယ်ကို အဆုံးသတ်စေခဲ့ပြီ” လို့ သြစတြေးလျဝန်ကြီးချုပ် အန်တိုနီ အာဘန်နီ့စ် က ချိန်လိုင်းရဲ့ မိသားစုနဲ့ သူငယ်ချင်းတွေသာမက သြစတြေးလျနိုင်ငံသားအားလုံးက လှိုက်လှိုက်လှဲလှဲ ကြိုဆိုနေတဲ့ သတင်းကောင်းတစ်ခု” ပြောဆိုခဲ့ပါတယ်။
သြစတြေးလျအစိုးရက သူ့ကို လွှတ်ပေးဖို့ တရုတ်ကို “တရားမျှတမှု၊ လုပ်ထုံးလုပ်နည်းမျှတမှုနဲ့ လူသားဆန်စွာ ဆက်ဆံမှု” တွေကို လိုက်နာဖို့ တရုတ်နိုင်ငံကို ကာလအတန်ကြာတောင်းဆို ခဲ့အပြီးမှာ အခုလို ချိန်လိုင်း တစ်ယောက် ပြန်လွတ်မြောက် လာတာလို့ သိရပါတယ်။
“တရုတ်ဘက်ကတော့ တရားဝင်လုပ်ငန်းစဉ်တျွေပြီးဆုံးသွားပြီမို့ ချိန်လိုင်းကို ပြန် လွှတ်ပေးလိုက်တာလို ပြောဆိုလိုက် ပါ တယ်။
Ref: AFP/wk/fh
ပုံစာ။ အဖမ်းဆီးမခံရမီ ၂၀၂၂ ခုနှစ်က တွေ့ရတဲ့ ဂျာနယ်လစ် ချိန်လိုင်း
Feature Image Credit: (DFAT)/Australia Global Alumni/AFP/File/Handout)