ဇူဂျူး၊ နိုဝင်ဘာ ၁၀
တရုတ်နိုင်ငံက လူအများစုအနေနဲ့ ကြောင်သား မစားကြပေမယ့်လည်း ဂွမ်ဒေါင်း ပြည်နယ်၊ ဂွမ်ဇီ စတဲ့ ဒေသက တရား မဝင် ဈေးတစ်ခုမှာ နှစ်စဉ် ခန့်မှန်းခြေ အိမ်မွေးတိရစ္ဆာန်လေးသန်းလောက် အစားအစာအတွက် သတ်ဖြတ်နေ ကြတယ်လို့ “Humane Society International” အဖွဲ့ကနေတစ်ဆင့် သိရပါတယ်။
ဟန်လို့ အမည်ရတဲ့ အမျိုးသမီးတစ်ယောက်က တရုတ်နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ကြောင်သားကုန်သည်တွေကို ခြေရာခံခဲ့ရာမှာ တစ်ကြိမ်ကို ဒေါ်လာထောင်နဲ့ချီ အကုန်ကျခံပြီး သီတင်းပတ်အတော်များများ ထောက်လှမ်းခဲ့ပါတယ်။ ဟန် က ရှန်ဟိုင်း အနီး တစ်ဝိုက်က မြို့ပြလေလွင့်တွေနဲ့ အိမ်မွေးတိရစ္ဆာန်တွေ ဈေးကွက်ထဲ ပို့နေတဲ့ ထောက်ပံ့ရေးကွင်းဆက်တစ်ခုကို ရှာဖွေတွေ့ရှိခဲပါတယ်။
ဟန် ရဲ့ ပြောပြချက်အရ သူဟာ ကုန်သည် ဟန်ဆောင်ပြီး ဂွမ်ဒေါင်းက ညစ်ပတ်နေတဲ့ အသား ပြုပြင်ထုတ်လုပ်တဲ့စက်ရုံ တွေ ဆီ ရောက်သွား တော့ အရေခွံခွာထားတဲ့ကြောင်အသေကောင်တွေကို သေတ္တာတွေ၊အိတ်တွေထဲထည့်ထားကို တွေ့ခဲ့ ရတယ်လို့ ဆိုပါတယ်။
ဟန်က တခြားကြောင်တွေကိုလည်း ကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အလျောက် ၂၀၂၂ခုနှစ်ကလည်း ရဲမှတ်တမ်းများတင်ထားတဲ့ တရားမဝင်တိရစ္ဆာန်ကုန်သည်တွေကိစ္စကို ဂွမ်ဒေါင်း အစိုးရဆီ အသနားခံစာ ပို့ခဲ့သေးတယ်လို့ သိရပါတယ်။
အသက် ၃၃ နှစ်အရွယ် ဟန် ပြောပြတာက အိမ်မွေးတိရစ္ဆာန်တွေအတွက် ကျယ်ပြန့်တဲ့ အဖွဲ့အစည်းဆိုင်ရာ အကာ အကွယ် တွေ မရှိလို့ တရုတ်နိုင်ငံမှာ အိမ်မွေးတိရစ္ဆာန် ကြောင်နဲ့ ခွေးတွေကို အလွဲသုံးစားလုပ်တာ ခံနေရတယ် ဆိုတာပါ။ ဒါကို တွန်းလှန်တိုက်ခိုက်နေတဲ့ သူကလည်း နည်းနည်းလေးပဲရှိတယ်လို့ပြောပါတယ်။
ပြီးခဲ့သောလတုန်းက သူနဲ့အတူ တခြားတိရစ္ဆာန်ကယ်ဆယ်ရေးသမားတွေက ရှန်ဟိုင်းမြို့နားမှာ ရာနဲ့ချီတဲ့ ကြောင်တွေ တင်လာတဲ့ ထရပ်ကားတစ်စီးကို ကြားဖြတ်ဟန့်တားခဲ့ပြီး ရဲတပ်ဖွဲဆီ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။
ဒါပေမယ့် ဒီအကောင်လေးတွေက အကာအကွယ် မဲ့နေတုန်းလို့ ဟန်က ပြောပါတယ်။
Ref: AFP/cm
ပုံစာ။ ဈေးကွက်ထဲက ကြောင်သားဆိုင် တစ်ခုမြင်ကွင်း
Feature Image Credit: Cegos.pl